ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်ကမ်းခြေစောင့်တပ် (CCG) မှ အကြိမ်ကြိမ်သတိပေးချက်များရှိနေသော်လည်း ဖိလစ်ပိုင်သင်္ဘောအသုတ်များစွာသည် ငါးဖမ်းသည်ဟူသည့် ခေါင်းစဉ်ဖြင့် တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ ရှန်းပင်းကျောင်း ကျောက်ဆောင်ကျွန်းအနီး ရေပိုင်နက်သို့ ဒီဇင်ဘာ ၁၂ ရက်က ဝင်ရောက်ကာ ရန်လိုသောလုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း CCG ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ) တရုတ်ကမ်းခြေစောင့်တပ် (CCG) နှင့် ပါကစ္စတန်ပင်လယ်ရေကြောင်းလုံခြုံရေးအေဂျင်စီတို့သည် ၎င်းတို့၏ ပထမဆုံးအဆင့်မြင့်အစည်းအဝေးကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ပြီး နှစ်ဖက်စလုံးက ပင်လယ်ရေကြောင်းဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။