ချုံချင့် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ တောရိုင်းတိရစ္ဆာန်ဥယျာဉ်တစ်ခု၌ ဘင်္ဂလားကျားပေါက် ငါးကောင်သည် ဇွန် ၁၆ ရက်တွင် ရက် ၅၀ သားအရွယ် ရှိလာခဲ့ပြီး ကျန်းကျန်းမာမာရှိကြောင်း သိရသည်။
မနီလာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဗိုလ်လောင်းလေ့ကျင့်ရေးနှင့် ပင်လယ်ပြင်အတွင်း မစ်ရှင်သွားရောက်သော တရုတ်ရေတပ်လေ့ကျင့်ရေးသင်္ဘော Qi Jiguang (Hull 83) သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ South Harbor ဆိပ်ကမ်းသို့ ဇွန်၁၄ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကာ သုံးရက်တာချစ်ကြည်ရေးခရီးစဉ်စတင်လိုက်ပြီဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး...
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတစီရိုမာရာ ကက်စ်ထရို နှင့် ဇွန် ၁၂ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မဟာဗျူဟာမြောက် နှင့် ရေရှည်ရှုထောင့်မှ ကြီးမားကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ နှစ်နိုင်ငံဆက်ဆံရေးအား ဦးတည်ထိန်းကျောင်းပေးရန်...
စိန်ရန် ၊ ဇွန် ၁၄ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၌ တရုတ်အရိပ်ရုပ်သေးပြပွဲအား ဇွန် ၁၀ ရက်တွင် ကျင်းပခဲ့ပြီး ဒစ်ဂျစ်တယ်နည်းပညာက ရှေးဟောင်းရိုးရာအနုပညာကို ပိုမိုအားကောင်းလာစေမှုအား ပြသနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)
ဒမတ်စကတ်စ် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း ဆိုးရွားသည့် မြေငလျင်များ လှုပ်ခတ်ပြီး စစ်ဘေးဒဏ်သင့် ဆီးရီးယားနိုင်ငံအား ပြန်လည်ထူထောင်ရေး ကူညီသည့် အနေဖြင့် စားနပ်ရိက္ခာ တန်ချိန် ၃,၅၀၀ ကျော်ကို ဇွန် ၁၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိုင်ခို ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တောင်တရုတ်ပင်လယ်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စင်းနှင့် ပတ်သက်၍ ပင်လယ် ရေနက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့၏ စူးစမ်းလေ့လာမှု ပထမအဆင့်သည် ဇွန် ၁၁ ရက်တွင် ပြီးစီးသွားခဲ့ကြောင်း သိရသည်။
ကျိုန့်ကျိုး ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ရေရှားပါးမှု နှင့် အပူချိန်မြင့်တက်ခြင်းကဲ့သို့သော ရာသီဥတု စိန်ခေါ်မှုများအား တုန့်ပြန်သည့် အနေဖြင့် ယခုနှစ် နွေရာသီ ရိတ်သိမ်းချိန်အတွင်း စားနပ်ရိက္ခာ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရေးအတွက် ကြိုးပမ်းမှုများအား အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။ (Xinhua) ———————— Central...
ခတ္တမန္ဒူ ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) နီပေါ-တရုတ် ချစ်ကြည်ရေး နဂါးလှေလှော်ပြိုင်ပွဲအား တောင်အာရှဒေသတွင် ပထမဆုံးအကြိမ်အနေဖြင့် နီပေါနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Pokhara မြို့၌ ဇွန် ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ယခုနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲအား ဇွန် ၇ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။