Media1 week ago
ယူနန်ပြည်နယ် မန်စီမြို့က တအာင်းတောင်ပေါ်ရွာများတွင် နွေဦးရာသီ စောစောရောက်ရှိလာ
ယူနန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကာလအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို့က တအာင်းတိုင်းရင်းသားရွာများဖြစ်သော ဆန်းထိုင်ဆန်းကျေးရွာစုရှိ ချူးတုန်းကွားကျေးရွာတွင် နွေဦးရာသီ အငွေ့အသက်များနှင့် ကြိုင်လှိုင်နေပေသည်။ နွေးထွေးသော နွေဦးလေပြေက တောတောင်များကို စိမ်းလန်းစေရုံသာမက ဒေသခံကျေးလက်ခရီးသွားလုပ်ငန်းကိုလည်း သက်ဝင်လှုပ်ရှားစေခဲ့သည်။ တောင်တန်းများကြားတွင် တည်ရှိသော ဤရှေးဟောင်း တအာင်းတိုင်းရင်းသားရွာသည် နှစ်သစ်အစတွင်...