ဆိုးလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) စက်သုံးဆီဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာခြင်းနှင့်စားသောက်ကုန်များဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဇွန်လတွင် ၂၄ နှစ်နီးပါးအတွင်း တောင်ကိုရီးယား၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ေသာ စာရင်းအင်းရုံး အချက်အလက်များက ဖော်ပြထားသည်။
ပေကျင်း၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသစ် Park Jinနှင့် မေ ၁၆ ရက်က ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆိုးလ် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ စစ်မက်ဝါဒီ နှင့် ကိုလိုနီကျူးကျော်မှုအမှတ်သညာတစ်ခုဖြစ်သော နာမည်ဆိုးဖြင့် ထင်ရှားကျော်ကြားသည့် ယာဆူကူနီဂူဗိမာန်သို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ထုံးတမ်းအစဉ်အလာဂါရဝပြုလက်ဆောင်ပေးပို့ခဲ့ခြင်းအတွက် စိတ်ပျက်ဝမ်းနည်းမိကြောင်း တောင်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံ၏ ကျူးကျော်စစ်ပွဲ ဂုဏ်ပြုချီးကျူးမှုအမှတ်သညာ နှင့် စစ်ရာဇဝတ်မှုများ ကိန်းဝပ်ရာနေရာအဖြစ် ထင်ရှားသည့် ယာဆူကူနီဂူဗိမာန်ကို...
ဆိုးလ် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၁၈ ရက်တွင် မြေပြင်စစ်ရေးလေ့ကျင့်လှုပ်ရှားမှုများ မပါဝင်ဘဲ အဓိက နွေဦးရာသီစစ်ရေးလေ့ကျင့်မှု ကျင်းပပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ပြောကြားခဲ့သည်။
ဆိုးလ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ လေတပ် KT-1 လေ့ကျင့်ရေးလေယာဉ် နှစ်စင်း ဧပြီ ၁ ရက် ညနေပိုင်းက South Gyeongsang ပြည်နယ် Sacheon မြို့ ဝေဟင်တွင် မတော်တဆမှုဖြစ်ပွားပြီး ပျက်ကျခဲ့ရာ လေယာဉ်တွင် လိုက်ပါသူ ၄ ဦးစလုံး...
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တောင်ကိုရီးယားနိုင်ငံ ရွေးကောက်ခံသမ္မတ ယွန်းဆက်ယို (Yoon Suk-yeol) နှင့် မတ် ၂၅ ရက် မွန်းလွဲပိုင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ) မတ် ၉ ရက်တွင် ပြုလုပ်ခဲ့သော တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အဓိက ကွန်ဆာဗေးတစ် အတိုက်အခံ ပြည်သူ့အင်အားပါတီ (People Power Party) မှ Yoon Suk-yeol အနိုင်ရရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက မတ် ၁၀...
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် အရှေ့ဘက်ပင်လယ်ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ်ဒုံးကျည်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း Yeosu မြို့ရှိ စက်ရုံပေါက်ကွဲမှုတွင် အလုပ်သမား ၄ ဦး သေဆုံးပြီး ၄ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းဌာနက ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၉...
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တောင်ကိုရီးယားတွင် နွေဦးပွဲတော် အားလပ်ရက်ပြီးနောက် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ပြန့်ပွားမှုဆက်တိုက်ရှိနေရာ နေ့စဉ်ထပ်တိုးသည့် အတည်ပြုလူနာဦးရေသည် ဖေဖော်ဝါရီ ၇ ရက်တွင် သုံးရက်ဆက်တိုက် ၃၅,၀၀၀နှင့်အထက်ရှိခဲ့ကြောင်း သိရသည်။