Media4 hours ago
တရုတ်နိုင်ငံရှိ သဘာဝတောရိုင်းတိရစ္ဆာန်ဥယျာဉ်၌ ’တောရိုင်းလူသား’ အဖြစ် အလုပ်လုပ်လိုသူများကို ခေါ်ယူနေ၊ အလုပ်လျှောက်လိုသူမှာ တောရိုင်းသဘာဝကို နှစ်သက်သူ၊ စိတ်ဖိစီးမှုများပြီး သဘာဝအတိုင်း လွတ်လပ်ပေ့ါပါးစွာ နေထိုင်လိုသူ ဖြစ်ရမည်ဟု ဆို
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန် သဘာဝတောရိုင်းတိရစ္ဆာန်ဥယျာဉ်က ‘ဟန်ဆောင်နေခြင်းကို ရပ်လိုက်ပါ။ အလုပ်မသွားချင်သူများ၊ သဘာဝအတိုင်း လွတ်လပ်ပေါ့ပါးစွာ နေချင်သူများ၊ စိတ်ဖိစီးမှုများ ကြုံနေရသူများ လာရောက်စုံစမ်းနိုင်သည်။ တောရိုင်းလူသားများကို အလုပ်ခန့်မည်’ ဟု ရေးသားထားသည့် အလုပ်ခေါ်စာတစ်စောင်အား ထုတ်ပြန်ခဲ့သည်။ ’တောရိုင်းလူသား’ အဖြစ် အလုပ်လုပ်လိုသူများအနေဖြင့် တောရိုင်းလူသားကဲ့သို့ ဝတ်ဆင်ခြင်း၊ ရှုခင်းကြည့်နေရာတွင် လှည့်လည်သွားလာကာ...