ပေကျင်း၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) Tianzhou-3 ကုန်တင်အာကာသယာဉ်သည် ဧပြီ ၂၀ ရက် ၅ နာရီ ၀၂ မိနစ်တွင် တရုတ်အာကာသစခန်း ပင်မခန်း Tianhe၏ အနောက်ပေါက်မှ ခွဲထွက်ပြီး လှည့်ပတ်ပျံသန်း၍ အာကာသစခန်းအရှေ့ဘက်အပေါက်နှင့်အလိုအလျောက်ချိတ်ဆက်မှုကို ၉ နာရီ ၀၆ မိနစ်တွင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း...
ပေကျင်း၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) လာမည့်Shenzhou-13 လူတင်အာကာသယာဉ်ခရီးစဉ်အတွက် အထောက်အပံ့ပစ္စည်းများ သယ်ဆောင်သွားသည့် တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် Tianzhou-3သည် တနင်္လာနေ့တွင် အာကာသစခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။ ထိုသို့ ချိတ်ဆက်မှုသည် ကွန်ပြူတာဖြင့်တွက်ချက်စီမံခြင်းဖြစ်ရာ အချိန်(၆.၅)နာရီခန့် ကြာ ဆောင်ရွက်ခဲ့ရသည်။ Tianzhou-3တွင် လာမည့် လူတင်အာကာသယာဉ် Shenzhou-13ခရီးစဉ်အတွက် အလေးချိန်...
ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လာမည့်Shenzhou-13 လူတင်အာကာသယာဉ်ခရီးစဉ်အတွက် အထောက်အပံ့ပစ္စည်းများ သယ်ဆောင်သွားသည့် တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် Tianzhou-3သည် တနင်္လာနေ့တွင် အာကာသစခန်း ပင်မခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ(CMSA)၏ သတင်းများအရ သိရသည်။ Tianzhou-3သည် ပေကျင်းစံတော်ချိန် ည ၁၀ နာရီ...
ဝန်ချန်း၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အာကာသစခန်း တည်ဆောက်ရေးအတွက် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက Tianzhou-3 ကုန်တင်အာကာသယာဉ်လွှတ်တင်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် ၁၅ နာရီ ၁၀ မိနစ်တွင် Tianzhou-3 ကုန်တင်အာကာသယာဉ်အား သယ်ဆောင်ထားသည့် Long March-7 Y4...
နန်ဟိုင်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Tianzhou-3 ကုန်တင်အာကာသယာဉ်နှင့်ဒုံးပျံ အတွဲလိုက်ကို စက်တင်ဘာ ၁၆ ရက်က လွှတ်တင်မည့်နေရာသို့ ဒေါင်လိုက်ရွှေ့ပြောင်းခဲ့ရာ ယခုရက်ပိုင်း အလျဉ်းသင့်သည့်အချိန်တွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။