လန်ဒန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) နယူးကာဆယ် ယူနိုက်တက်အသင်းနည်းပြ အက်ဒီဟောင်းက ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်အား လာမည့်ရာသီတွင် အသင်း၌ ဆက်လက်ထိန်းထားနိုင်ရန် မျှော်လင့်ထားဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးမှာ လက်ရှိအချိန်အထိ နယူးကာဆယ်အသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ ကြံ့ခိုင်မှုအခြေအနေကြောင့် အသင်း၏ အာရှခြေစမ်းခရီးစဉ်မှ ချန်လှပ်ခံခဲ့ရသည်ဟု...
ပရီးမီးယားလိဂ်တွင် ချန်ပီယံအသင်းနှင့် တန်းဆင်းရမည့် အသင်းများမှာ အစောပိုင်းကတည်းက အဖြေထွက်ခဲ့ပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ လာမည့်ရာသီ၌ ဥရောပဝင်ခွင့် ရရှိရေးအတွက်သာ အဓိကယှဉ်ပြိုင်ခဲ့ကြသည်။ ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် အသင်းငါးသင်းက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ကျန်နှစ်သင်းကမူ ကွန်ဖရန့်စ်လိဂ် ဝင်ခွင့်တစ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ ဒုတိယရရှိခဲ့သည့် အာဆင်နယ်က အမှတ်ပေးဇယားအောက်ဆုံးမှ ဆောက်သမ်တန်အား ၂-၁...