ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းသို့ တရားမဝင်နည်းလမ်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတွင်အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရန် ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁ ရက် မှ ၃၀ ရက်အထိ စီမံချက်ကာလအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံချက်ကာလပြီးဆုံးပါက အထူးကုန်စည်ခွန်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယနေ့ (မေ ၂၅ရက်)မှစတင်ပြီး နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးမှုမရှိစေရန်နှင့် တရားမဝင် ကုန်စည်များတင်ပို့မှု ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ပြောကြားသည်။