ဝါရှင်တန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်(Donald Trump) အား ပုဂ္ဂိုလ်ရေး ဝေဖန်မှုပြုလုပ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရာထူးမှ နုတ်ထွက်မည်ဟူသော ကောလာဟလများကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန်က အောက်တိုဘာလ ၄ ရက်တွင် ငြင်းဆိုလိုက်သည်။
ပရီတိုးရီးယား ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ အဆင့်မြင့်ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mduduzi Manana သည် ပြီးခဲ့သော ရက်သတ္တပတ်က ဂျိုဟန်နစ္စဘတ်မြို့ရှိ နိုက်ကလပ်တစ်ခု၌ အမျိုးသမီးတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် သြဂုတ်လ ၁၉ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ရသည်။