China2 years ago
တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုကို ဆန့်ကျင်လျက် နေအိမ်ခေါင်မိုးများပေါ်၌ သဘာဝအရင်းအမြစ်ကို အသုံးပြုကာ ဝင်ငွေရရှိနေ
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်သူနှင့် အသုံးပြုသူဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း နေရောင်ခြည်စွမ်းအင်သုံးဆဲလ်များ (PV) ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၌လည်း လျင်မြန်စွာ တိုးတက်လာသောနိုင်ငံဖြစ်လာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း နေအိမ်ခေါင်မိုးများသည် တရုတ်နိုင်ငံ၏ အထူးသဖြင့် နေရောင်ခြည်စွမ်းအင် ကြွယ်ဝစွာရရှိသောနေရာများ၌ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ထပ်မံမြှင့်တင်ရန် အကောင်းမွန်ဆုံးပလက်ဖောင်းအဖြစ်...