အစ္စလာမာဘတ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့ရှိ ရေခဲစက်ရုံတစ်ခုတွင် ဒီဇင်ဘာ၂၂ ရက်က ဘွိုင်လာအိုးတစ်လုံးပေါက်ကွဲခဲ့ရာတွင် လူ ၈ ဦး သေဆုံးပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
အစ္စလာမ်မာဘတ်၊ဒီဇင်ဘာ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တော်အနီး Rawalpindi ခရိုင် ရာဝါလ်ပင်ဒီ တပ်မြို့လယ်ခေါင်ရှိ ဈေးတစ်ခုတွင် ဒီဇင်ဘာ ၁၃ ရက်က ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၅ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများ နှင့် ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။
အစ္စလာမ်မာဘတ် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ပါကစ္စတန်နိုင်ငံ Arif Alvi က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်း နှင့်ကမ္ဘာကြီးအား အရေးပါသောအခွင့်အလမ်းများကို ယူဆောင်ပေးကြောင်း နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)ပါကစ္စတန်နိုင်ငံစစ်ဘက်ဆိုင်ရာက အောက်တိုဘာ ၁၅ ရက်၌ နိုင်ငံအတွင်းအကြမ်းဖက်တိုက်ခိုက်မှု ၂ ခုဖြစ်ပွားခဲ့ပြီး စုစုပေါင်းလူ ၂၀ ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။
ဆရီနာဂါ ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ) အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံအား ပိုင်းခြားထားသည့် နှစ်နိုင်ငံနယ်စပ်မျဉ်း(LoC) တည်ရှိရာ ကက်ရှ်မီးယားဒေသတွင် နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အိန္ဒိယစစ်တပ်မှ အငယ်တန်းအရာရှိ(JCO) တစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၆ (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် ကရာချိမြို့တော်တွင် သြဂုတ်လအတွင်း ရွာသွန်းခဲ့သော သည်းထန်သည့် မုတ်သုံမိုးသည် ၃၆နှစ်အတွင်း မိုးရွာသွန်းမှုစံချိန်သစ်ဖြစ်ခဲ့ကြောင်း ပါကစ္စတန် မိုးလေဝသဌာန(PMD) က ပြောကြားခဲ့သည်။
ဟိုင်ခို၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှုက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု စင်မြင့်သစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနှင့် ပါကစ္စတန်နိုင်ငံ၏ ပြန်လည်ရှင်သန်နိုးကြားရေး၌လည်း အရေးပါသောအခန်းကဏ္ဍတစ်ခု အဖြစ် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံတွင် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ရန် အသက်မွေးမှုသင်တန်းကျောင်းများသို့ ယွမ် ၂၇ သန်း (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) တန်ဖိုးရှိသော ပစ္စည်းကိရိယာများ လှူဒါန်းသွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရက ဇူလိုင် ၈ ရက်တွင်...
အစ္စလာမ်မာဘတ်၊ မေ ၂၃ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့၌ မေ ၂၂ ရက်တွင် လူနေရပ်ကွက် တစ်ခုပေါ်သို့ ပျက်ကျခဲ့သည့် ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်တစ်စင်း၏ အပျက်အစီးများမှ ရုပ်အလောင်း ၉၇ လောင်းအား ကယ်ဆယ်ရေး အဖွဲ့များမှ ရှာဖွေတွေ့ရှိထားကြောင်း...
အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့တွင် မေ ၂၂ ရက် မွန်းလွဲပိုင်းက လူ ၁၀၀ ခန့်လိုက်ပါသွားသည့် ပါကစ္စတန် နိုင်ငံတကာလေကြောင်းလိုင်း (PIA) ပိုင် လေယာဉ်တစ်စင်း လူနေရပ်ကွက်တစ်ခုပေါ်သို့ ပျက်ကျခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက အနည်းဆုံး လူ ၁၁...