ဘန်ကောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်း ပါဘတ် (Pabuk) တိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ကျေးရွာသား ၃၄,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း အဆင့်မြင့် အစိုးရအရာရှိတစ်ဦးက ဇန်နဝါရီလ ၅ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း ပါဘတ် (Pabuk) သည် ဇန်နဝါရီလ ၅ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံတောင်ပိုင်း တစ်ဖက်ခြမ်းမှ အခြားတစ်ဖက်ခြမ်းသို့ ရွေ့လျားသွားနေကြောင်း၊ လေပြင်းတိုက်ခတ်မှု မြင့်မားခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒီရေမြင့်တက်ခြင်းများ ရှိနိုင်ကြောင်း သိရသည်။