ဂျေရုဆ လင်၊မေ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ်နောက်ပိုင်း အစ္စရေး နှင့် ပါလက်စတိုင်းအကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ဟားမက်စ်တို့ထိန်းချုပ်ထားရာ ဂါဇာတွင် စစ်ပွဲအရှိန်မြှင့်တင်သွားရန် အစ္စရေးနိုင်ငံလုံခြုံရေးကက်ဘိနက်က မေ ၁၂ ရက်၌ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ အစ္စရေးဘက်မှ ဂါဇာဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ) အစ္စရေးဘက်မှ...
ပေကျင်း၊ မေ ၁၃ ရက်(ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် မေ ၁၀ ရက် ညပိုင်းမှစ၍ ဒုံးကျည်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခြင်းနှင့် လက်တုန့်ပြန်လေကြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်သည်အထိ အရှိန်မြင့်လာခဲ့ရာ ပါလက်စတိုင်းဘက်တွင် လူပေါင်း ဒါဇင်နှင့်ချီသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သလို အစ္စရေးဘက်ကလည်း ဒဏ်ရရသူ ဒါဇင်နှင့်ချီ ရှိကြောင်း သိရသည်။...
ဂျေရုဆလင်၊မေ ၁၂ ရက်(ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်း နှစ်ဖက် အကြမ်းဖက်မှု တင်းမာမြင့်တက်နေစဉ်အတွင်း ပါလက်စတိုင်းဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၏ ဂါဇာကမ်းမြောင်တွင် တနင်္လာနေ့၌ ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် ၉ ဦးအပါအဝင် အနည်းဆုံး ပါလက်စတိုင်း လူမျိုး ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဂျေရုဆလင် ၊ မေ ၁၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က မေလ ၁၀ ရက်ညပိုင်းအချိန်၌ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် အစ္စရေးနိုင်ငံအနေဖြင့် ယင်းနေ့၌ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်(Hamas) အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်အများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဂျေရုဆလင်၊ မေ ၁၁ ရက်(ဆင်ဟွာ) ပါလက်စတိုင်း ပြည်သူလူထုနှင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်များအကြား မေ ၁၀ ရက်က ဂျေရုဆလင်မြို့ဟောင်း Temple Mount ဘုရားကျောင်းတွင် အဓိကရုဏ်းပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း (၂၀၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ မေ ၉ ရက်(ဆင်ဟွာ) ဂျေရုဆလမ်မြို့ အရှေ့ဘက်တွင် တည်ရှိသော Al-Aqsa ဗလီအား အစ္စရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်ပဋိပက္ခအတွင်း လူ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
ရာမလာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) ပါလက်စတိုင်းရှိ West Bank အနောက်ဘက်ကမ်း နယ်မြေ Nablus မြို့မှ မိသားစုဝင် ၃၂ ဦးပါဝင်သော မိသားစုတစ်ခုသည် ကရာတေး လေ့ကျင့်မှုတွင် အကြီးဆုံးမိသားစုအဖြစ် အတည်ပြုနိုင်ရန် ရည်ရွယ်လျက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအတွက် လျှောက်ထားမှု ပြီးစီးခဲ့ကြောင်း သိရသည်။
ရာမာလာ ၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရ မှ ပါလက်စတိုင်းအား ကူညီထောက်ပံ့ပေးသည့် Sinopharm COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၉ ရက်၌ ရာမာလာမြို့သို့ရောက်ရှိခဲ့ပြီး ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံလုပ်ငန်းတာဝန်ခံ ကော်ဝေ နှင့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး Mai al-Kaila တို့က ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့...
ရာမာလာ၊ဇွန် ၁၅ ရက်(ဆင်ဟွာ) ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံဆေးပညာရှင်အဖွဲ့သည် ဇွန် ၁၄ ရက်က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ ရာမာလာမြို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာဌာနများရှိ ဆေးပညာရှင်များနှင့်အတူ ဆွေးနွေးဖလှယ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ဂါဇာ၊ မတ် ၆ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း၊ Nuseirat ဒုက္ခသည်စခန်းရှိ ပေါင်မုန့်ဆိုင်တစ်ခုတွင် မတ် ၅ ရက်က မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၁ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။