China3 years ago
၂၀၂၁ ခုနှစ်တရုတ်နိုင်ငံကပြည်ပသို့ ရင်းနှီးမြုပ်နှံမှုပမာဏယွမ်၉၃၀ဘီလီယံကျော်ရှိ
ပေကျင်း၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ၂၀၂၁ခုနှစ်အတွင်း တရုတ်နိုင်ငံက ပြည်ပသို့ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများသည် တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်းတရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ စုကြွယ်ထင်က ဇန်နဝါရီ၂၀ရက်တွင်ပြောကြားခဲ့သည်။ လုပ်ငန်းကဏ္ဍအားလုံး၏ပြည်ပသို့တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏသည်တရုတ်ယွမ်ငွေ၉၃၆.၆၉ဘီလီယံရှိရာယမန်နှစ် အလားတူကာလထက်၂.၂ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရသည်။ ယင်းနေ့၌ကျင်းပသောစီးပွား/ကူးသန်းဝန်ကြီးဌာန၏အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်စုကြွယ်ထင်က၂၀၂၁ခုနှစ်တွင်တရုတ်နိုင်ငံကBRIလမ်းကြောင်းတစ်လျှောက်နိုင်ငံများသို့ ငွေရေးကြေးရေးဏ္ဍမဟုတ်သောတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည်အမေရိကန်ဒေါ်လာ၂၀.၃ ဘီလီယံရှိပြီးကာလတူထက်၁၄.၁ရာခိုင်နှုန်းတိုးတက်လာရာအိမ်ရှင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောအကျိုးဖော်ဆောင်ခဲ့သည်။ အသစ်ချုပ်ဆိုသောစာချုပ်၌အမေရိကန်ဒေါ်လာသန်း၁၀၀ကျော်ရှိသည့်စီမံကိန်း၅၆၀ရှိရာပြီးခဲ့သည့်နှစ်က၄၆ခု မြင့်တက်လာကြောင်း၊အဓိကအားဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးစသည့်အခြေခံအဆောက်အအုံကဏ္ဍများတွင်ဖြစ်ရာအပြန်အလှန်ချိတ်ဆက်ဆက်သွယ်မှုတစ်ဆင့်တိုးမြှင့်ရေးအတွက်အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။ “ပြည်ပရှိကုန်သွယ်ရေးဇုန်တည်ဆောက်မှုတွေမှာသိသိသာသာအောင်မြင်ထိရောက်မှုရှိခဲ့တယ်”ဟုစုကြွယ်ထင်ကပြောသည်။၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းအထိစီးပွား/ကူးသန်းဝန်ကြီးဌာနစာရင်းများသို့ထည့်သွင်းသောပြည်ပရှိကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဒေသများကနိုင်ငံပေါင်း၄၆ကျော်တွင်ဖြန့်ကျက်တည်ရှိနေရာရင်းနှီးမြုပ်နှံမှုစုစုပေါင်းအမေရိကန်ဒေါ်လာ၅၀.၇ဘီလီယံရှိပြီးအိမ်ရှင်နိုင်ငံသို့အခွန်ပေးဆောင်မှု ၆.၆ဘီလီယံ၊ ဒေသန္တရအတွက်အလုပ်အကိုင်ဖန်တီးမှု၃၉၂,၀၀၀ရှိခဲ့ပြီးအပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ဘုံအကျိုးစီးပွားတူညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကောင်းစွာမြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။ (Xinhua)...