North America4 years ago
တရုတ်နိုင်ငံ Pony.ai ကားကုမ္ပဏီက ကယ်လီဖိုးနီးယားတွင် မောင်းသူမဲ့ကားများစမ်းသပ်မောင်းနှင်ရန် ခွင့်ပြုမိန့်ရရှိ
လော့စ်အိန်းဂျလိစ် ၊ မေ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Pony.ai က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ မြို့သုံးမြို့၏ လမ်းမများပေါ်တွင် ဘေးကင်းစွာဖြင့် လူလိုက်ပါခြင်းမရှိသော မောင်းသူမဲ့ကားများကို စမ်းသပ်မောင်းနှင်ရန် ကယ်လီဖိုးနီယားပြည်နယ် မော်တော်ယာဉ်ဌာန(DMV) ထံမှ ခွင့်ပြုမိန့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။