Asia3 years ago
ထိုင်းနိုင်ငံက ဖေဖော်ဝါရီလမှစ၍ ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားဧည့်သည်များအား ကွာရန်တင်းကင်းလွတ်ခွင့် ပြန်လည်စတင်
ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်လမှစ၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော ပြည်တွင်းသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအတွက် ကွာရန်တင်း (quarantine) ကင်းလွတ်ခွင့်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း COVID-19 လုပ်ငန်းအဖွဲ့က ဇန်နဝါရီ ၂၀ ရက်က ကြေညာခဲ့သည်။