ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့တွင် ပေ ၃၀၀ကျော်အနက်ရှိသော ချောက်အတွင်းသို့ဘုရားဖူးယာဉ် ထိုးကျပြီး လူ၇ဦးသေဆုံး၊ ၁၉ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာအကြား၌ သြဂုတ်လ၁၅ရက် နံနက် ၁၀နာရီခွဲခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ တစ်ဦးသေဆုံး ပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။