Local4 years ago
ချင်းပြည်နယ် တီးတိန်မြို့နယ် ပိန်းပိကျေးရွာနှင့် မင်းတပ်မြို့နယ် ဘောင်ကျေးရွာနှစ်ရွာတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်နိုင်ရန် ပြင်ဆင်လျက်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ပိန်းပိကျေးရွာနှင့် မင်းတပ်မြို့နယ် ဘောင်ကျေးရွာနှစ်ရွာတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကို COVID-19 ကာလအလွန်တွင် လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးကဆင်ဟွာသို့ ဇန်နဝါရီ ၅ ရက်တွင် ပြောသည်။