ကွာလာလမ်ပူ၊ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆက်သွယ်ရေး တည်ဆောက်မှု ကုမ္ပဏီလီမိတက် (China Communications Construction Group Co., Ltd.) မှ တာဝန်ယူ တည်ဆောက်သော မလေးရှားအရှေ့ဘက်ကမ်း ရထားလမ်းစီမံကိန်း၏မြောက်ပိုင်း ရထားလမ်း Section C စာရွက်စာတမ်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကွာလာလမ်ပူတွင်...
ပေကျင်း ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son ၊ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက်...
ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက မလေးရှားနိုင်ငံသို့ နောက်ထပ် Sinovac ကာကွယ်ဆေး အကြိမ်ရေ တစ်သန်းစာ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း The Malaysia Reserve အင်တာနက် သတင်းစာမျက်နှာက နိုဝင်ဘာ ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ဂျာကာတာ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားသမ္မတ နှင့် မလေးရှားဝန်ကြီးချုပ်တို့သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘိုဂေါ် (Bogor)ရှိ သမ္မတနန်းတော်၌ ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် စီးပွားရေးပြန်လည်နလံထရေးလှုံ့ဆော်မှုတစ်ရပ်အနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် အဆင့်ဆင့်ဖြင့် ခရီးသွားလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် နိုဝင်ဘာ ၁၀ ရက်က နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) မလေးရှား နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရာတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တရုတ်နိုင်ငံCanSino Biologics ကုမ္ပဏီ မှ ထုတ်လုပ်သော တစ်ကြိမ်သာ ထိုးနှံရန်လိုအပ်သည့် COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို ယနေ့ ဩဂုတ် ၂၀ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မူယီဒင် ယာဆင် (Muhyiddin Yassin) သည် အောက်လွှတ်တော်တွင် အများစုထောက်ခံမှု ဆုံးရှုံးပြီးနောက် ဩဂုတ် ၁၆ ရက်၌ ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ မူယီဒင်က ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့သည် လွှတ်တော်အမတ် အများစု၏...
ကွာလာလမ်ပူ ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် COVID-19 ကပ်ရောဂါ စတင်ပြန့်နှံ့ချိန်ကတည်းက တစ်ရက်တည်း အတည်ပြုလူနာအမြင့်ဆုံးစံချိန်တင် အရေအတွက်ဖြင့် လူနာပေါင်း ၁၇,၀၄၅ ဦး စစ်ဆေးတွေ့ရှိကြောင်း နှင့် နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း တစ်သန်းကျော် (၁,၀၁၃,၄၃၈ ဦး)ထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၅...
ကွာလာလမ်ပူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းအထိ ၂၄ နာရီအတွင်း ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၁၃,၂၁၅ ဦးရှိရာ ကပ်ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့သလို ၃ ရက်ဆက်တိုက် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိလာခြင်း ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်...
ကွာလာလမ်ပူ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၅,၁၅၀ ဦးရှိပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းကူးစက်ခံရသူ ၆၇၃,၀၂၆ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ကွာလာလန်ပူ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံက တရုတ်နိုင်ငံ CanSino Biologics ကုမ္ပဏီမှ ထုတ်လုပ်သော တစ်ကြိမ်တည်းသာထိုးနှံရသော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၅ ရက်က ပြောကြားခဲ့သည်။ CanSino မှ ထုတ်လုပ်သော Convidecia Recombinant...