Connect with us

Media

“မလေးရှားနိုင်ငံတွင် တရုတ်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များအနက်တစ်ခုအပါအ၀င်ဖြစ်သော ကျားအက ပြန်လည်အသက်ဝင်လာ”

မလေးရှား၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

“မလေးရှားနိုင်ငံဟာ အပူပိုင်းမိုးသစ်တောများရှိတဲ့ နိုင်ငံဖြစ်ပါတယ်။နိုင်ငံတော် အလံတွေမှာလည်း ကျားသင်္ကေတ တွေပါပါတယ်။ ဒီဒေသမှာ ကျားအကတွေကို ဆန်းသစ်ဖန်တီးဖို့ အလွန်သင့်တော် တယ်လို့ ကျွန်တော် မြင်ပါတယ်။”
Siow Ho Phiew သည် ၄င်း၏အသက် တစ်၀က်ကျော်အချိန်ကို တရုတ်ယဥ်ကျေးမှုတစ်ခု ဖြစ်သောခြင်္သေ့အက၌ နှစ်မြှုပ်ထားသူဖြစ်ပြီးလက်ရှိ သူ၏ အသက် ၆၇ အရွယ်တိုင် လေ့လာနေဆဲဖြစ်သည်။

၄င်းသည် မလေးရှား၌ကျင်းပသော ရိုးရာခြင်္သေ့အကဖျော်ဖြေပွဲများတွင် တက်ကြွစွာ ဖျော်ဖြေတင်ဆက်လေ့ရှိသူဖြစ်သည်။

ကျားအက ကရန်စိတ်ကူးအား ၂၀၁၀ ခန့်၌ ရခဲ့သည်ဟု Siow ကပြောသည်။ မလေးရှားနိုင်ငံတွင် တရုတ်ရိုးရာယဉ်ကျေးမှု၌ အချို့သောအသစ်အဆန်းများကို ထည့်သွင်းရန် မျှော်လင့်နေသောကြောင့် ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ခြင်္သေ့အကကဖို့အတွက်နည်းစနစ်သာမကဘဲ တရုတ်ရိုးရာယဥ်ကျေးမှုကို ချစ်ခင်တတ်စေဖို့ စိတ်ဓာတ်ကိုပါကျွန်တော့်သင်တန်းသားတွေကို လက်ဆင့်ကမ်းနေပေးနေတာ ဖြစ်ပါတယ်။ သစ္စာရှိခြင်း၊ သစ္စာစောင့်သိခြင်း ၊ ဇွဲလုံ့လ၊ သတ္တိ၊ ပညာ၊ ရိုးသားခြင်းနှင့် သဟဇာတဖြစ်မှု စသာတွေဟာ ကျွန်တော်ခံ ယူထားတဲ့ ကျင့်စဥ်အကျဉ်းချုံး ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ ကျားအကကိုကြည့်ပြီး အကောင်းမြင် စိတ်ဓာတ် ပိုမိုပျံ့နှံ့များပြားလာဖို့ ကျွန်တော်တို့ အနေနဲ့မျှော်လင့်ပါတယ်။ ဘေးရန်ကင်းပြီး ပျော်ရွှင်အေးချမ်းဖွယ်ကောင်းသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ။(ဆင်ဟွာ)

…………………………………………
(English Version)
GLOBALink | Return of tiger dance revitalizes Chinese cultural heritage in Malaysia
Malyasia, Jan. 31 (Xinhua) — “Malaysia is a country with tropical rainforest. There are tigers in the national emblem as well. I believe this land is suitable for the creation of tiger dance.”
Siow Ho Phiew, 67 remains passionate about the art of chinese Lion Dace for more than half of his life. He has been activeiy promoting traditional lion dance performance in Malaysia. Siow said the idea of tiger dance could be traced back to 2010. as he was hoping to inject some new eiements into the inhertance of Chinese culture in Malaysia.
I wish my apprentice would inherit not only techniques in lion dance but also to ingerit the Chinese culture and the spirit in it. loyalty, intogrity, perseverance, courage, wisdom, sincerity, harmony and etiquette. I summarized my philosophy into the eight virtues. We hope to spread more positive vibes through our tiger dance. Stay safe, and have a happy and peaceful year ahead.”
Produced by Xinhua Global Service.