ကိုလံဘို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက်အစိုးရက ဆေးရွက်ကြီးထုတ်ကုန်ထိန်းချုပ်မှုဥပဒေတွင် သိသာထင်ရှားသည့်ပြင်ဆင်ချက်များကို တရားဝင်ထည့်သွင်း အကောင်အထည်ဖော်လိုက်ခြင်းဖြင့် နိုဝင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်သော ဆေးရွက်ကြီးထုတ်ကုန်အသုံးပြုမှုအပေါ် မျိုးဆက်သစ်တစ်ခုလုံးကို ပိတ်ပင်တားမြစ်မှုကို မိတ်ဆက် ကျင့်သုံးလိုက်ကြောင်း သိရသည်။
မာလေ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံအနေဖြင့် ရေရှည်တည်တံ့၍ သာယာဝပြောသည့် အနာဂတ်ကို တည်ဆောက်ရန်အတွက် နယ်ပယ်အသီးသီး၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း မော်လ်ဒိုက်နိုင်ငံ သမ္မတ မိုဟာမက် မူအစ်ဇူက ပြောကြားခဲ့သည်။