ပေါင်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူအတန်းပြုလုပ်ခြင်းများ လုပ်ဆောင်လေ့ရှိရာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကုသိုလ်ပြုနေမှုမြင်ကွင်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဘုန်းကြီးကျောင်းနံရံပြိုကျမှုကြောင့် ကျောင်းသား ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောသည်။ မွန်ပြည်နယ် ရေးခရိုင် လမိုင်းမြို့နယ် ကုန်းဘောင်သစ်ကျေးရွာတွင် စက်တင်ဘာ ၂၄ ရက်...
ပေါင်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ် ပေါင်မြို့နယ် ကတွန်ကျေးရွာ၊ ၈ ရပ်ကွက်တွင် ယနေ့ (ဇူလိုင် ၂၅ ရက်) မွန်းလွဲသုံးနာရီဝန်းကျင်၌ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ခဲ့ရသလို အိမ်ခြေ ၅၀ ခန့်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)
သထုံ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်ရှိ နေရာအချို့တွင် ယနေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုများကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ခေါင်မိုးလန်ခြင်း၊ သစ်ကိုင်းကျိုးကျခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ်တွင် ဇန်နဝါရီ ၂၂ ရက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ ၂၃ ရက်၌...
-တနင်္သာရီတိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ပျိုးမှုအနေဖြင့် ဧက(၈၀၀၀) ကျော်လျာထားခဲ့ပြီး (၁၀၀၀)ကျော် စိုက်ပျိုးပြီးစီး (၁၄/၁/၂၀၂၅ – MRTV) -အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၏ အဓိကထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝသယံဇာတ ကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် စက်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံအနက် (၁၉)ရုံကို စမ်းသပ်လည်ပတ်ခဲ့ပြီး ကျန်ရှိသော အလုပ်ရုံ အကြီးများဖြစ်သည့် အလုပ်ရုံ(၃)ရုံအား...
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မွန်ပြည်နယ်ရှိ “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” ကို ဒီရေတော ကြိုးပြင်ကာကွယ်တောအသစ်အဖြစ် သတ်မှတ်လိုက်ကြောင်း ဇန်နဝါရီ ၉ ရက်ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသော နယ်မြေကို ကဏန်းကျွန်းဒီရေတော...
ကျိုက်မရော၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဇူလိုင် ၂၃ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေ မြင့်တက်လာသဖြင့် ကမ်းနားလမ်းနှင့် ရှင်စောပုရပ်ကွက်အတွင်းရှိ အနိမ့်ပိုင်းနေရာများရှိ အိမ်များအတွင်းသို့ ရေများဝင်ရောက်နေကြောင်းသိရသည်။ အဆိုပါ ရေများစတင်ဝင်ရောက်နေသော နေရာများရှိ နေအိမ်များ၌ ပစ္စည်းများကို အခြားမြင့်ရာနေရာများနှင့်...
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းရမိခဲ့ကြောင်း CCDAC MYANMAR မှ ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃၀...
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၄.၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ နိုဝင်ဘာ ၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော...