ကွေ့ယန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လျှပ်စစ်စွမ်းအင်သုံးဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော (eVTOL) ယာဉ်ပျံက ကွေ့ကျိုးပြည်နယ်တွင် စမ်းသပ်ကုန်တင်ပျံသန်းမှု အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ အလေးချိန်၂ တန်ရှိသော eVTOL ယာဉ်ပျံသည် မိနစ် ၄၀ အတွင်း ၁၁၈ ကီလိုမီတာ အကွာအဝေးကို ပျံသန်းနိုင်ကြောင်းသိရသည်။ (Xinhua) …………………………………….....
ပေကျင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်၌ ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်သော လျှပ်စစ်ယာဉ်ပျံ (eVTOLs) အစင်းရေ တစ်သိန်းကို လေယာဉ် တက္ကစီများ (သို့မဟုတ်) မိသားစုသုံး ယာဉ်များအဖြစ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝေဟင်နိမ့် စီးပွားရေး မဟာမိတ်အဖွဲ့၏ နိုဝင်ဘာ ၂၇...