မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ယူကရိန်းတွင် နေတိုး (NATO) အဖွဲ့မှ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမည့် အလားအလာကို ရုရှားနိုင်ငံက ပယ်ချလိုက်ပြီး ယင်းအစား ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြီးကြပ်ရန် လက်နက်ကိုင်ဆောင်ခြင်းမရှိသော စောင့်ကြည့်လေ့လာသူများ သို့မဟုတ် အရပ်ဘက် စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရေးအတွက် အကြံပြုခဲ့ကြောင်း...
ကိဗ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများအတွက် နိုင်ငံတကာမှ မိတ်ဖက်များနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ပေးထားသော ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းသည့် အမိန့်ကြေညာချက်တစ်ရပ်အား ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မတ် ၁၅ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရန် ယူကရိန်းသမ္မတရုံး...
ကိဗ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) Andriy Hnatov အား ယူကရိန်း စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ပြီး Anatoliy Barhilevych အား စစ်ဦးစီးချုပ်ရာထူးမှ ဖယ်ရှားလိုက်ကြောင်း ယူကရိန်း သမ္မတ ဝက်ဘ်ဆိုက်က မတ် ၁၆ ရက်တွင် သမ္မတအမိန့် ထုတ်ပြန်ခဲ့သည်။ Andriy Hnatov...
ကိဗ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ယူကရိန်း-ရုရှား နှစ်နိုင်ငံ အပစ်ရပ်ရေး၏ “ပထမ ခြေလှမ်း” သည် နယ်မြေပိုင်နက်ကိစ္စနှင့် မဆက်နွှယ်သင့်ဟု ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၁၅ ရက်က ယူကရိန်း မြို့တော် ကိဗ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အလေးထားပြောကြားခဲ့သည်။ နယ်မြေပိုင်နက်ပြဿနာက...
ကိဗ်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ Sumy ပြည်နယ် အာဏာပိုင်များက ရုရှားနိုင်ငံ Kursk ပြည်နယ်နှင့် ကပ်လျက်တည်ရှိသော အခြေချနေထိုင်ရာနေရာ ၈ နေရာရှိ ဒေသခံပြည်သူများအား အတင်းအကျပ်ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အကြောင်းရင်းမှာ အဆိုပါဒေသ၏ “စစ်ပွဲအခြေအနေ အရှိန်မြင့်လာခြင်း” ကြောင့်ဖြစ်ကြောင်း Ukrainska Pravda...
မော်စကို၊ မတ် ၁၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က အဆိုပြုထားသော ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း၊ သို့သော်လည်း ကွဲပြားမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က မတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) လာမည့်ရက်ပိုင်းတွင် အမေရိကန်ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံနိုင်ခြေကို မဖယ်ရှားထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မတ် ၁၁ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ “ကျွန်မတို့အနေနဲ့ လာမည့်ရက်ပိုင်းမှာ အမေရိကန် ကိုယ်စားလှယ်နဲ့ ထိတွေ့ဆက်ဆံနိုင်ခြေကို မဖယ်ရှားထားပါဘူး” ဟု...
ဂျက်ဒါ (ဆော်ဒီအာရေဗျ)၊ မတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များက မတ် ၁၁ ရက် ညပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီးနောက် ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပူးတွဲကြေညာချက်အရ အမေရိကန်သည် ယူကရိန်းနှင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခြင်းအား...
ပဲရစ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယာယီအားဖြင့် ရက် ၃၀ ကြာ ချက်ချင်း အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၏ အဆိုပြုချက်အား ယူကရိန်းဘက်က မတ် ၁၁ ရက်၌ သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။...
ဆော်ဒီအာရေဗျ၊ ဂျက်ဒါ၊ မတ် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် မတ် ၁၁ ရက်မှ စတင်၍ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့ရှိ Ritz-Carlton ဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ရုရှား-ယူကရိန်း တစ်စိတ်တစ်ပိုင်းအပစ်အခတ်ရပ်စဲရေးသည် တွေ့ဆုံဆွေးနွေးမှု၏ အဓိကအကြောင်းအရာ ဖြစ်မည်ဟု သိရသည်။ ယူကရိန်းသည်...