ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံတို့သည် ပေကျင်းမြို့၌ ဇန်နဝါရီ ၆ ရက်က ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ပါကစ္စတန် သတင်းမီဒီယာများက အခြား ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်သည့်နိုင်ငံများ၏ မီဒီယာများနှင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအပါအဝင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတည်ဆောက်မှုကို အပြည့်အဝပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် သတင်းနှင့်ထုတ်လွှင့်မှုဆိုင်ရာ အထူးအကြံပေးပုဂိ္ဂုလ်Firdous Ashiq Awanက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် တရုတ်နိုင်ငံ၏ တစ်ကမ္ဘာလုံး တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု စနစ်တိုးတက်အောင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သလို အတူဖွံ့ဖြိုးစည်ပင်၀ပြောစေရန်နှင့် လူသားတို့၏ကံတူအကျိုးပေးအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် တွန်းအားပေးမြှင့်တင်ဆောင်ရွက်သည့် တရုတ်နိုင်ငံ၏ နည်းလမ်းဗျူဟာဖြစ်ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ အထိဆိုရလျှင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၇...
ကွမ်ကျိုး၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) နိုင်ငံနှင့်ဒေသပေါင်း ၂၁၀ ကျော်မှ အဝယ်ကုန်သည်လုပ်ငန်းရှင်များ ကွမ်ကျိုးကုန်စည်ပွဲတော်သို့ လာရောက်၍ ကုန်ပစ္စည်းဝယ်ယူမှုဆိုင်ရာများကို လာရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ရွှီပင်းက ပြောကြားခဲ့သည်။
ကွမ်ကျိုး၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးသွင်းကုန်ထုတ်ကုန်ကုန်စည်ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ကျင်းပမည် ဖြစ်ရာ ယခုကျင်းပမည့်ကုန်စည်ပွဲတော် ရှိသွင်းကုန်ပြပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက် ကုမ္ပဏီလုပ်ငန်းများက ပါဝင်မှုအများဆုံး ဖြစ်ကြောင်း ၎င်းကုန်စည်ပွဲတော်ဖွင့်ပွဲ သတင်းစာရှင်းလင်းပွဲမှ သိရသည်။...