Connect with us

Media

Sun Yat-sen တက္ကသိုလ် “The Belt and Road” ဘွဲ့ဒီဂရီတန်း ပညာသင်ဆု စတင်လျှောက်ထားနိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၂ ပညာသင်နှစ်အတွက် တရုတ်နိုင်ငံ ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) ၏ ဘွဲ့ဒီဂရီတန်းအတွက် ချီးမြှင့်မည့် “The Belt and Road” ပညာသင်ဆုကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး ၏ အင်တာနက်စာမျက်နှာတွင်ကြော်ငြာထားသည်။

ပညာသင်ဆုလျှောက်ထားရာတွင် ဧပြီလ ၂၀ ရက်နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်း သံရုံးကထုတ်ပြန်ထားသည်။
လျှောက်ထားလိုသူများသည် Sun Yat-sen University နိုင်ငံခြား ပညာတော်သင်ကျောင်းသားရုံးဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်၍ အမည်စာရင်းပေးသွင်း လျှောက်ထားပြီး လျှောက်ထားရမည့်စာရွက်စာတမ်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ (ကျောင်း၊ တရုတ်နွယ်ဖွားအဖွဲ့အစည်း) မှတစ်ဆင့် သံရုံးသို့ ပေးပို့နိုင်ကြောင်းသိရသည်။
ပညာသင်ဆုလျှောက်ထားလိုသူများ နှင့်စိတ်ပါဝင်စားသူများ အောက်ပါ ဗီဒီယိုထဲတွင်ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။ (Xinhua)