Politics, Law & Military4 hours ago
စိုက်ပျိုးရေးနှင့်ဆက်နွှယ်သည့် ရာဇ၀တ်မှုများကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ တင်းတင်းကျပ်ကျပ် ဖြိုခွင်း
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဌာန အဆင့်ပေါင်းစုံက နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးဆိုင်ရာ ရာဇ၀တ်မှု တိုက်ဖျက်ရေးလှုပ်ရှားမှု၌ ပါဝင်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ လကုန်ပိုင်းအထိ လယ်ယာမြေ ကျူးကျော်သိမ်းပိုက်ခြင်း ကဲ့သို့သော တရားမ၀င်လုပ်ရပ်များ အပါအဝင် အမှုပေါင်း ၄,၆၀၀ ကျော်ကို ဖြေရှင်းပေးလျက်ရှိကြောင်း သိရသည်။