Europe3 years ago
နေတိုးအဖွဲ့က ရုရှားသံတမန် ၈ ဦးအား နှင်ထုတ်၊ ခြိမ်းခြောက်မှု အဆိုကို ရုရှား ပယ်ချ
ပေကျင်း၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) နေတိုးဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင် ၈ ဦးသည် “ထောက်လှမ်းရေးများ”ဖြစ်နေခြင်းကြောင့် ၎င်းတို့ ၈ ဦး၏ အမြဲတမ်းနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်ကို ၂၀ ဦးမှ ၁၀ ဦးထိ လျှော့ချလိုက်ကြောင်း မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(NATO)အရာရှိတစ်ဦးက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။