ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအရေးအတွက် တရုတ်နိုင်ငံ၏ တရားမျှတသည့်ရပ်တည်ချက်အပေါ် ရုရှား ဖြစ်စေ၊ ယူကရိန်းဖြစ်စေ နှစ်နိုင်ငံစလုံးက တန်ဖိုးထားချီးကျူးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေးတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်း ဆိုသည်။...
ဘရပ်ဆဲလ်၊ မေ ၅ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားသည်မှာ တတိယ မြောက်လသို့ရောက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ စစ်ပြေငြိမ်းမည့်လက္ခဏာ ကို မတွေ့ရသေးဘဲ ဥရောပတိုက်တစ်ခုလုံး၌ ပဋိပက္ခ ကြောင့် အကျပ်အတည်းများ ကြုံတွေ့နေရပြီဖြစ်သည်။ ပဋိပက္ခများနှင့် ရုရှားနိုင်ငံအပေါ် အဆက်မပြတ် ဒဏ်ခတ်ပိတ်ဆို့မှုများလုပ်ဆောင်ခြင်းကြောင့် ထိတ်လန့်ကြောက်ရွံ့မှုများကို ပိုမိုတိုးပွားစေပြီး ဒေသတွင်းလုံခြုံရေး၊...
ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ) ရုရှားက မေ ၉ ရက် မဟာမျိုးချစ်စစ်အောင်ပွဲနေ့တွင် တစ်မျိုးသားလုံးစစ်ရေးလှုပ်ရှားမှု ကြေညာမည်ဟူသော သတင်းမှာ “မယုံနိုင်စရာ” အခြေအမြစ်မရှိသည့် စကားသက်သက်သာဖြစ်ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ပြောကြားခဲ့သည်ဟု TASS သတင်းဌာနက မေ...
မော်စကို ၊ မေ ၅ ရက် (ဆင်ဟွာ) နျူကလီးယားစစ်ပွဲတစ်ခု၏ အဆုံးစွန်ဆုံးဆီသို့ ဦးတည်နေချိန်မျိုးတွင် မဟာဗျူဟာမြောက် ကွပ်ကဲမှု အမိန့်ပေးဌာနအဖြစ် အသုံးပြုမည့် ရုရှားနိုင်ငံ၏ ကမ္ဘာပျက်နေ့လေယာဉ်ကြီး(doomsday plane) ဟုအမည်ပေးထားသော Il-80 လေယာဉ်ကြီးသည် ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့(V-day) အကြိုစစ်ရေးပြလေ့ကျင့်မှုတစ်ခုတွင် ပါဝင် ပျံသန်းခဲ့ကြောင်း သိရသည်။...
မော်စကို/ကိဗ်၊ မေ ၄ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပိုးလ်ဆိပ်ကမ်းမြို့ရှိ Azovstal သံမဏိစက်ရုံ၌ ယူကရိန်း စစ်တပ် ထိန်းချုပ်ထားသောနေရာများအား တိုက်ခိုက်လျက်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မေ ၃ ရက်က ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၄ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ၎င်းတို့၏ “ ချစ်ကြည်ရင်းနှီးမှုမရှိသော အပြုအမူများ”ကို လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ နှင့် အဖွဲ့အစည်းများအား လက်တုံ့ပြန်ဒဏ်ခတ်အရေးယူပိတ်ဆို့မှုဆိုင်ရာ အမိန့်ဒီဂရီတစ်ရပ်ကို ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က မေ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကိဗ်၊ မေ ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာ ငွေကြေးအကူအညီ ယူရို ၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၇၃ ဘီလီယံခန့်) လက်ခံရရှိခဲ့ကြောင်း ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က မေ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု...
ဘူဒါပက် ၊ မေ ၃ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံအစိုးရအနေဖြင့် ရုရှားနိုင်ငံမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုအား ကန့်သတ်ပိတ်ဆို့ရေးကို ” မထောက်ခံ” ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို/ကိဗ် ၊ မေ ၃ ရက်(ဆင်ဟွာ) ဝန်းရံပိတ်ဆို့ခံထားရသည့် ယူကရိန်းနိုင်ငံ မာရီဥပိုလ်ဆိပ်ကမ်းမြို့မှ လူပေါင်း ၁၀၀ ကျော်ကို ကယ်ထုတ်ထားခဲ့ပြီးဖြစ်ကြောင်း ရုရှားစစ်တပ်ရော ယူကရိန်းစစ်တပ်ပါ နှစ်ဖက်စလုံးက အတည်ပြုပြောကြားခဲ့သည်။သို့သော် လူအရေအတွက် အတိအကျကွဲလွဲချက် နှင့် အခြားအသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ သီးခြား ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
ပေကျင်း ၊ မေ ၂ ရက်(ဆင်ဟွာ) အောက်ဖော်ပြပါသတင်းအချက်အလက်များသည် ပဋိပက္ခဖြစ်ပွားနေသည့် ရုရှား နှင့် ယူကရိန်းအကြား နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေအရပ်ရပ်ကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။