Connect with us

Media

ရုရှားတိုက်လေယာဉ်က ပင်လယ်နက်ဝေဟင်တွင် အမေရိကန် မောင်းသူမဲ့ဒရုန်းယာဉ်ကို လိုက်လံစောင့်ကြည့်

မော်စကို၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ရုရှားတိုက်လေယာဉ် Su-30 သည် ဩဂုတ် ၂၇ ရက်က ပင်လယ်နက်ဝေဟင်တွင် အမေရိကန် လေတပ် MQ-9A “Reaper” မောင်းသူမဲ့ဒရုန်းယာဉ်ကို လိုက်လံစောင့်ကြည့်ခဲ့ကြောင်း ရုရှားနိုင်ငံတော် ကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာက ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားလေပိုင်နက်စောင့်ကြည့်ရေးကိရိယာက ယင်းနေ့တွင် ရုရှားနယ်စပ်သို့ ချဉ်းကပ်လာသည့် ပစ်မှတ်တစ်ခုကို တွေ့ရှိလိုက်ခြင်းကြောင့် ရုရှားတိုက်လေယာဉ် Su-30 က ကောင်းကင်သို့ ချက်ချင်း ပျံတက်၍ ကြည့်ရှုခဲ့ရာ ယင်းပစ်မှတ်မှာ အမေရိကန် လေတပ်၏ MQ-9A “Reaper” မောင်းသူမဲ့ဒရုန်းယာဉ်ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရုရှားနယ်စပ်သို့ ကျူးကျော်ခြင်း မရှိစေလာရန် တားဆီးသည့်နေဖြင့် ရုရှားတိုက်လေယာဉ်က ချက်ချင်း လိုက်လံစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရုရှားတိုက်လေယာဉ်ချဉ်းကပ်သည့်အခါတွင် ယင်းမောင်းသူမဲ့ဒရုန်းယာဉ်က ဦးတည်ချက်ပြောင်းပြီး ရုရှားနယ်စပ်မှ ထွက်ခွာသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် ဦးဆောင်သည့် NATO လေယာဉ်များက ရုရှားနယ်စပ်သို့ ချဉ်းကပ်၍ ကင်းထောက် လှုပ်ရှားမှုများ မကြာခဏပြုလုပ်လျက်ရှိရာ ထို့အပေါ် ရုရှားက အမြဲတမ်း ခိုင်မာစွာ ကန့်ကွက်လေ့ရှိသည်။ (Xinhua)

……………………………
(Chinese Version)
俄战机在黑海上空对美国无人机实施伴飞
新华社莫斯科8月27日电(记者黄河)俄罗斯国家国防管理中心27日发布消息说,俄军一架苏-30战机当天在黑海上空对美国空军一架MQ-9A“死神”无人机实施伴飞。
消息说,俄空域监控设备当天在黑海水域上空发现一个空中目标正在靠近俄边界,俄军一架苏-30战机随即升空识别,确认目标是美国空军MQ-9A“死神”无人机。俄战机随即对其实施伴飞,防止其侵犯俄边界。
消息说,当俄战机接近时,这架无人机调转方向远离俄边界。
以美国为首的北约飞机经常抵近俄边界进行侦察活动,俄罗斯一直坚决反对。(完)