မော်စကို၊ ဧပြီ ၇ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်း၌ ရုရှားစစ်တပ်က အရပ်သားများအား သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြစ်သည့် ”ဘူချာ ဖြစ်ရပ်”ကြောင့် ဥရောပတိုက်တွင် ပြင်းထန်သည့် သံတမန်တိုက်ပွဲ ဖြစ်ပွားလာသည်။ ဥရောပတိုက်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရုရှားသံတမန် အယောက် ၁၀၀ ကျော်ကို နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်ရုရှားဘက်က...
ဝါရှင်တန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ထပ်တိုးအရေးယူမှုလုပ်သည့်အနေဖြင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ သမီး ၂ ဦး နှင့် ရုရှားနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းစုများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံက ဧပြီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။...
ကိဗ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky) က ရုရှားနိုင်ငံနှင့် ယူကရိန်းကုန်သွယ်ရေး တရားဝင်ရပ်ဆိုင်းရန် အစိုးရအား ညွှန်ကြားခဲ့ကြောင်း သမ္မတရုံး ပြန်ကြားရေးက ဧပြီ ၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ အမှန်တကယ်တွင်မူ ယူကရိန်းနိုင်ငံနှင့်...
ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) အမေရိကန်သည် မကြာသေးမီက အသံထက်မြန်သည့် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်သုတေသနစီမံကိန်းအေဂျင်စီ (DARPA) က ဧပြီ ၅ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ စမ်းသပ်ပစ်လွှတ်မှုသည် မတ်လလယ်တွင် လုပ်ဆောင်ခဲ့သော်လည်း ရုရှားနှင့်တင်းမားမှုများ တိုးမြင့်ခြင်းမှ ရှောင်ရှားရန် နှစ်ပတ်ကြာ လျှို့ဝှက်ထားကြောင်း...
မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း အထူးသဖြင့် ရုရှားအား ရန်လိုသောမူဝါဒ ကျင့်သုံးသောနိုင်ငံများထံ စားသောက်ကုန် တင်ပို့ရောင်းချရာတွင် ပိုမိုချင့်ချိန်သွားမည်ဖြစ်ကြောင်း သမ္မတ ဗလာတီမာပူတင်က ဧပြီ ၅ ရက်၌ ပြောကြားခဲ့သည်။ “ဒီနှစ်က ကမ္ဘာ့အစားအစာရှားပါးမှုနောက်ခံအကြောင်းကြောင့် ပြည်ပကို ကျွန်တော်တို့ရဲ့ စားသောက်ကုန်ရောင်းချမှုမှာ ပိုပြီးချင့်ချိန်သွားဖို့ရှိပါတယ်။...
မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ယူကရိန်း၌ လွန်ခဲ့သောလအတွင်း အကြီးအကျယ်ဖြစ်ပွားနေသော ပဋိပက္ခများအား နိုင်ငံရေးအရ အဖြေရှာရန် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ရေများစွာ ဆောင်ရွက်ခဲ့ကြသည်။
နယူးယောက်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ဂျာမနီနှင့်ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဧပြီ၄ရက်တွင်ရုရှားသံတမန်များကိုနှင်ထုတ်ရန်ဆုံးဖြတ်ခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကယင်းနှင့်ပတ်သက်၍တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထိုနေ့တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှား နှင့် ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခုရရှိသည်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း နှင့် တရုတ်နိုင်ငံက ယူကရိန်းနိုင်ငံတွင် မြင်တွေ့လိုသည့် တစ်ခုတည်းသောအရာမှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီ ၄ ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားဖက်ဒရယ် အာကာသအေဂျင်စီ (Roscosmos) က အနောက်တိုင်းနိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သော စီမံကိန်းများ ရပ်တန့်လိုက်ကြောင်း Roscosmos ညွှန်ကြားရေးမှူးချုပ် Dmitry Rogozin က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိ ယူကရိန်းတွင် စစ်ပွဲကြောင့် တိုက်ရိုက်ဆုံးရှုံးနစ်နာမှုသည်ဒေါ်လာ...
မော်စကို ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံပတ်ပတ်လည်တွင် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများစွာတည်ထောက်ထားသည့် အခင်းအကျင်းတစ်ခုကို ရုရှားနိုင်ငံက သတင်းအချက်အလက်စစ်ဆေးတွေ့ရှိထားပြီး ယင်းမှာ ဇီဝလက်နက်များဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဧပြီ ၂ ရက်တွင်ပြောကြားခဲ့သည်။