Connect with us

Science & Technology

နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ ရန်ကုန်မြို့တွင် ဖွင့်လှစ်

နျူကလီးယား သတင်းအချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ပြုလုပ်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ပထမဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည် ။ ထို့ပြင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း အကြီးအကဲနှင့် မြန်မာနိုင်ငံ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က intergovernmental Agreement အား မြန်မာ၊ ရုရှား၊ အင်္ဂလိပ် ၃ ဘာသာဖြင့် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)