မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုပ်သံမိန့်ခွန်း၌ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) Donbass သို့ရုရှားစစ်တပ်များ ချက်ချင်းဝင်ရောက်မည်ဟုမဆိုလိုကြောင်း နှင့် ရုရှား၏ နောက်တစ်ဆင့် ဆောင်ရွက်မှုကို ရှေ့ဆက်အခြေအနေအပေါ် မူတည်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဘာလင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ပြုမူဆောင်ရွက်ပုံကိုဖော်ပြလျက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းစဉ်အား အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ကြောင်း ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က ဖေဖော်ဝါရီ ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံက သီးခြားလွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုလိုက်သည့် ယူကရိန်းရှိ ဒေသနှစ်ခုတွင် စီးပွားရေးလုပ်ကိုင်နေကြသော အမေရိကန်နိုင်ငံသားများအား တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Jen Psaki က ဖေဖော်ဝါရီ ၂၁...
မော်စကို ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီနှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁...
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ Donetsk ၊ Lugansk ၏ အခြေအနေအပေါ် ရုရှားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်း၏ အပြင်းအထန် စိုးရိမ်ပူပန်မှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘီလာရုဇ်နိုင်ငံအတွင်း ဘီလာရုဇ်-ရုရှား စစ်တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မဟာမိတ်နှစ်နိုင်ငံ၏ လျင်မြန်စွာ တုန့်ပြန်စွမ်းကို စမ်းသပ်သွားမည် ဖြစ်ကြောင်း ဘီလာရုဇ် ကာကွယ်ရေးဝန်ကြီး Victor Khreninက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရုရှား သမ္မတ ပူတင်နှင့် ပြင်သစ် သမ္မတ မိုက်ခရွန်တို့သည် ဖေဖော်ဝါရီ ၂၀ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ ယူကရိန်းအရေး သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသင့်သည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ကိယက်ဗ်အာဏာပိုင်များအနေဖြင့် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရန် ဒွန်ဘတ်စ်ဒေသမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသွားရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko နှင့် မော်စကိုမြို့၌ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “ဘီလာရုစ်သမ္မတနဲ့...