Connect with us

Europe

ဒွန်ဘတ်နှင့် ယူကရိန်းနိုင်ငံ တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် ရုရှား ရည်ရွယ်ထား

ဒွန်ဘတ်စ်တွင် ကင်းလှည့်နေသော ယူကရိန်းစစ်သားများအား ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ လက်ရှိဖြစ်ပွားနေသည့် အထူးစစ်ဆင်ရေး ဒုတိယအဆင့်အတွင်း ရုရှား စစ်တပ်၏ တာဝန်များအနက် တစ်ခုမှာ “ဒွန်ဘတ်နှင့် ယူကရိန်း တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန်” ဖြစ်ကြောင်း ရုရှားနိုင်ငံ ဗဟိုစစ်ခရိုင်၊ လက်ထောက်ကွပ်ကဲရေးမှူး Rustam Minnekaev က ဧပြီ ၂၂ ရက်က ပြောခဲ့သည်။

ဒွန်ဘတ်စ်ကို ထိန်းချုပ်နိုင်ခြင်းသည် ခရိုင်းမီးယားအား ကုန်းတွင်းစင်္ကြံတစ်ခု ဖန်တီးရန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် သတ္တုဗေဒဆိုင်ရာ ထုတ်ကုန်များအား အခြားနိုင်ငံများသို့ လွှဲပြောင်းထားရာ ပင်လယ်နက်ဆိပ်ကမ်းများ အပါအဝင် ယူကရိန်း၏ အရေးပါသော အဆောက်အအုံများအား လွှမ်းမိုးခြယ်လှယ်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းများ အစည်းအဝေး၌ Minnekaev က ပြောခဲ့သည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်းအား ထိန်းချုပ်နိုင်ခြင်းသည် Transnistria သို့ နောက်ထပ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း Minnekaev က ဆိုသည်။ (Xinhua)

………………………..
(English Version)
Russia aims at full control of Donbass, southern Ukraine: general

Source: Xinhua

Editor: huaxia

2022-04-22 22:34:15
MOSCOW, April 22 (Xinhua) — One of the tasks of the Russian Armed Forces during the ongoing second stage of the special military operation is to “establish full control over Donbass and southern Ukraine,” Deputy Commander of Russia’s Central Military District Rustam Minnekaev said Friday.

The control of Donbass will make it possible for Russia to create a land corridor to Crimea and influence Ukraine’s vital facilities, including Black Sea ports where agricultural and metallurgical products are delivered to other countries, Minnekaev said at a defense industries meeting.

The control of Ukraine’s south will open another way out to Transnistria, the major general added. ■
Photo : Ukrainian soldiers patrol in Donbass on April 11, 2022. (Photo by Diego Herrera/Xinhua)