မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား သပ်လျှို၍ အဖုအထစ်ဖြစ်စေရန် လုပ်ဆောင်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနိုင်ငံတစ်နိုင်ငံဖြစ်ကာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ရုရှားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပျက်ပြားအောင် အားထုတ်ကြိုးပမ်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ်...
ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရုရှားနှင့်အမေရိကန် ဆက်ဆံရေးသည် ယခုနှစ်များတွင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည်ဟု ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇွန် ၁၁ ရက် အမေရိကန်မီဒီယာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ) ရုရှားအာကာသအေဂျင်စီကို ဦးတည်သည့် ပိတ်ဆို့မှုများကို အမေရိကန်က မဖျက်သိမ်းလျှင် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှ ရုရှား နုတ်ထွက်မည်ဖြစ်ပြီး ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်မည်ဖြစ်ကြောင်း ရုရှားအာကာသစူးစမ်းလေ့လာရေးဌာန၏ တာဝန်ခံက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အမေရိကန်နိုင်ငံအနေဖြင့် မကြာမီအချိန်တွင် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်မည့် အမေရိကန်-ရုရှား ခေါင်းဆောင်အစည်းအဝေး နှင့် ပတ်သက်၍ သိသာထင်ရှားသည့် ရလာဒ်ထွက်ပေါ်လာရန် မျှော်လင့်ထားခြင်းမရှိကြောင်း ဇွန်လ...
ဘဲလ်ဂရိတ်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ ရောဂါပိုးမွှားဗေဒ၊ ကာကွယ်ဆေးနှင့် သွေးရည်ကြည်ဆိုင်ရာ “Torlak” အင်စတီကျုတွင် ရုရှားနိုင်ငံ၏ Sputnik V COVID-19 ကာကွယ်ဆေးအား ဇွန် ၄ ရက်တွက် တရားဝင်စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဆားဘီးယား အစိုးရက သတင်းထုတ်ပြန်ချက်၌ အတည်ပြုပြောကြားခဲ့သည်။ ဗီဒီယိုအစည်းအဝေးမှတစ်ဆင့်...
စိန့်ပီတာစဘတ်၊ ဇွန် ၅ ရက်(ဆင်ဟွာ) လက်ရှိ ရုရှားနှင့်အမေရိကန်ဆက်ဆံရေးသည် နိမ့်ပါးသည့်အဆင့်တွင် ရှိကြောင်း ၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ကျင်းပတော့မည် အမေရိကန်သမ္မတ ဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် မည်သည့် ကြီးကြီးမားမား ပြောင်းလဲမှုရလဒ်ထွက်လာမည်ဟု မမျှော်လင့်ထားကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၄ ရက်၌ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်စဉ်တွင် ပြောကြားခဲ့သည်။...
မော်စကို ၊ ဇွန် ၃ ရက်(ဆင်ဟွာ) COVID-19 ရောဂါ မူလအစသည် လူသားတို့ဖန်တီးထားခြင်းမှ ဖြစ်ပေါ်လာခဲ့သည်ဆိုသည့် ဆက်စပ်ပြောဆိုနေမှုများမှာ မည်သည့်တန်ဖိုးတစ်စုံတစ်ရာမှမရှိကြောင်း ရုရှားနိုင်ငံ ကူးစက်ရောဂါကာကွယ်ရေး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ Dmitry Lvov က ပြောကြားလိုက်သည်။ “ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့ငှက်တွေဆီကနေ ကနဦးစတင်...
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) ယခုလတွင် ကျင်းပမည့် ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေးပွဲတွင် အပြောင်းအလဲကြီးကြီးမားမား ရလဒ်ထွက်ရန် မျှော်လင့်မထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် (NATO) နေတိုးစစ်မဟာမိတ်စာချုပ်အဖွဲ့၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ အနောက်ဘက်ပိုင်း စစ်တိုင်းအတွင်း တပ်ဖွဲ့အသစ် ၂၀ ကျော် တိုးချဲ့ဖွဲ့စည်း တပ်ချသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၃၁ ရက်တွင်...
ဝါရှင်တန်/မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇွန် ၁၆ ရက်၌ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။