ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လက်ဘနွန်-အစ္စရေး အခြေအနေ အရှိန်အဟုန် တစ်ဆင့်တိုး မြင့်တက်လာနိုင်မှုအပေါ် အထူးစိုးရိမ်ကြောင်း၊ ဘက်ပေါင်းစုံက တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၂၀ ရက် လုံခြုံရေးကောင်စီ၏ လက်ဘနွန်-အစ္စရေး အခြေအနေ အရေးပေါ်...
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ၏ နောက်ဆုံးအခြေအနေကို ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာ ၂၀ ရက်တွင် အရေးအပေါ်အစည်းအဝေး ကျင်းပခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးသည် ထောင်ပေါင်းများစွာသော ဆက်သွယ်ရေးကိရိယာများကို ဖောက်ခွဲပြီး လက်ဘနွန် နိုင်ငံသား ထောင်ပေါင်းများစွာကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းမှာ အနီရောင်စည်းအားလုံးကို ကျော်လိုက်ခြင်းဖြစ်ပြီး စစ်ကြေညာခြင်းနှင့် တူညီကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Nasrallah က စက်တင်ဘာ ၁၉ ရက် မိန့်ခွန်းတွင်...
ဘေရွတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံတစ်ဝန်း စက်တင်ဘာ ၁၈ ရက်က ကြိုးမဲ့ဆက်သွယ်ရေးကိရိယာပေါက်ကွဲမှုများကြောင့် သေဆုံးသူအရေအတွက် ၁၄ ဦးအထိရှိလာကာ ဒဏ်ရာရသူဦးရေမှာလည်း ၄၅၀ အထိ မြင့်တက်လာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ စက်တက်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ဘေရွတ်မြို့ တောင်ဘက်ရပ်ကွက်နှင့် လက်ဘနွန်နိုင်ငံ...
ဘေရွတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရှိ နေရာများစွာတွင် စက်တင်ဘာ ၁၇ ရက်က ရေဒီယိုလှိုင်းဖြင့် ဆက်သွယ်မှုကို ဖမ်းယူအသိပေးသောကိရိယာ ပေဂျာ (pager) ပေါက်ကွဲမှုများကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များ အပါအဝင် လူ ၈ ဦးသေဆုံးပြီး အခြားသူ ၂,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်...
ဂျေရုဆလမ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံရှိ နေရာအချို့အား အစ္စရေးစစ်လေယာဉ်များက ညပိုင်းနှင့် နံနက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့သဖြင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့က ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ အနည်းဆုံး ရော့ကတ်ဒုံးကျည် အစင်း ၅၀ ဖြင့်...
ဂျေရုဆလမ်/ဂါဇာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) လွန်ခဲ့သည့်နှစ် အောက်တိုဘာလ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ဖန် ဖြစ်ပွားသည့် အချိန်မှစ၍ အစ္စရေးတပ်၏ ဂါဇာကမ်းမြောင်ဒေသ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း လေးသောင်းကျော် သေဆုံးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးများ ပို၍ ဆိုးရွားလျက်ရှိကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ်...
ဘေရွတ်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ) ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fuad Shukr ကို အစ္စရေး လုပ်ကြံမှုအပေါ် “ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မည်” ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah က ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ Fuad...
ဘေရွတ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပါက အစ္စရေးနိုင်ငံနှင့် “ဆွေးနွေးစရာမလိုဘဲ” စစ်ပွဲရပ်စဲသွားမည်ဖြစ်ကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာခေါင်းဆောင် Nasrallah က ဇူလိုင် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ Nasrallah သည် ထိုနေ့အခမ်းအနားတစ်ခုတွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့သည်...
ဂျေရုဆလမ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိလျှင်လည်း လက်ဘနွန် ဟစ်ဇ်ဘိုလာတို့နှင့် တိုက်ပွဲကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က...