ကူမင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်-လာအိုရထားလမ်းက ဧပြီ ၂၁ ရက်အထိ သွင်းကုန်ပို့ကုန် ကုန်ပစ္စည်း တန်ချိန် ၈ သန်းကျော် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံမှ တင်သွင်းသော ဒူးရင်းသီးများကို တရုတ်-လာအိုရထားလမ်း၏ လန်ချန်း-မဲခေါင် အဝေးပြေးဝန်ဆောင်မှုမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ဧပြီ ၂၁ ရက်က တင်သွင်းခဲ့သည်။...
ဗီယင်ကျန်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတွင် ဆုန်ခရန်ပွဲတော် သို့မဟုတ် လာအိုနှစ်သစ်ကူးပွဲတော်ကျင်းပလျက်ရှိသည်။ ယခုနှစ် ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိကျင်းပသော လာအိုနှစ်သစ်ကူးပွဲတော်သည် နိုင်ငံအတွင်း အရေးပါသောပွဲတော်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ ရိုးရာနှစ်သစ်ကူးပွဲတော်ဆင်နွှဲရန် အစီအစဉ်များစွာ ပါဝင်ကြောင်း သိရသည်။ (Xinhua) ………………………………………………...
ဗီယင်ကျန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) စတင်ဖွင့်လှစ်ခဲ့သည်မှာ အချိန်တစ်နှစ်ရှိပြီဖြစ်သော တရုတ်-လာအိုရထားလမ်းသည် လာအိုနိုင်ငံရှိ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးပြီး ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တည်ငြိမ်သော အင်အားအဖြစ် ပံ့ပိုးပေးလျက်ရှိသည်။ တရုတ်-လာအိုရထားလမ်းကို ၂၀၂၃ ခုနှစ် ဧပြီ ၁၃...
ဗီယင်ကျန်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မဲခေါင်မြစ်တစ်လျှောက် မိသားစုများ၊ မိတ်ဆွေများနှင့်အတူ လာရောက်အပန်းဖြေကာ ပျော်ရွှင်စရာအချိန်များ ဖန်တီးနေကြသူများကို တွေ့ရသည်။ မဲခေါင်မြစ်ရေ၏ အေးမြမှုက ပူပြင်းခြောက်သွေ့မှုကို ဖယ်ရှားပေးကာ လာရောက်အပန်းဖြေသူများကို စိတ်လက်ပေါ့ပါးစေခဲ့သည်။ (Xinhua) အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SrS …………………………………………………….....
နန်နင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုပါတီ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် ဧပြီ ၃ ရက်က ကွမ်ရှီးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့...
ဗီယင်ကျန်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဒေသတွင်း စီးပွားရေး-ငွေကြေးကဏ္ဍ ပိုမိုအားကောင်းမှုရှိစေရန် အစီအစဉ်များ ဆွေးနွေးရန် လာအိုနိုင်ငံတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ (Xinhua) အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SmP ………………………………… (English Version) ASEAN...
ဗီယင်ကျန်း၊ မတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ်ကော်ပိုရေးရှင်းလီမိတက်မှ ထုတ်လုပ်သော C919 နှင့် ARJ21 လေယာဉ်များသည် သရုပ်ဖော်ပျံသန်းမှုအတွက် လာအိုနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ ဂျက်လေယာဉ်နှစ်စင်းသည် တရုတ်နိုင်ငံပြင်ပ ပထမဆုံးလေကြောင်းပြပွဲဖြစ်သော ၂၀၂၄ ခုနှစ် စင်ကာပူလေကြောင်းပြပွဲပြီးဆုံးပြီးနောက် စင်ကာပူနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး...
ဗီယင်ကျန်း၊ မတ် ၆ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ အဆင့်မြင့်အရာရှိများသည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် တွေ့ဆုံခဲ့ကြကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး တိုးတက်မှုရှိစေရန် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှုကို တွန်းအားပေးခဲ့ကြကြောင်း သိရသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အာဆီယံ သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေး လုပ်ငန်းအဖွဲ့၏...
ဗီယင်ကျန်း၊ မတ် ၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနက မြို့တော်ဗီယင်ကျန်းတွင် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပရန်စီစဉ်ထားသော ၂၄ ကြိမ်မြောက် အာဆီယံ စွမ်းအင်စီးပွားရေးဖိုရမ် (AEBF-24) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကာ စွမ်းအင်ကဏ္ဍ၌ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု...
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ်မြောက် လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကို ဒီဇင်ဘာ ၇ ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ပြီး တရုတ်-လာအို စီးပွားရေးစင်္ကြံရှိ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူစာချုပ်များစွာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖိုရမ်၌ ဆင်ဟွာသတင်းအေဂျင်စီ၏...