အိန္ဒိယနိုင်ငံ၏ လက်ရှိသမ္မတ Ram Nath Kovind သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ၎င်း၏ ငါးနှစ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် နောက်ထပ်သမ္မတအသစ်ရွေးကောက်တင်မြှောက်ရန် ဆန္ဒမဲပေးခြင်းများအား စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)xhtxs.cn/xAj ————————– Voting to elect next president of India begins...
ကိုလံဘို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Ranil Wickremesingheသည် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက ဘက်ပေါင်းစုံ ပါတီအသီးသီးပါဝင်သည့် အစိုးရဖွဲ့စည်းရန် သဘောတူညီချက်ရရှိရေးအတွက် ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်တွန်းပြောကြားခဲ့သည်။ ထိုနေ့...
သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa ၏ ရာထူးမှနုတ်ထွက်မှုကို လက်ခံကြောင်း ယနေ့ ဇူလိုင် ၁၅ ရက်တွင် သီရိလင်္ကာလွှတ်တော် ဥက္ကဋ္ဌ Mahinda Yapa Abeywardena က ကြေညာခဲ့သည်။ (Xinhua) ………………………………… (Chinese Version) 新华社快讯:斯里兰卡议长阿贝瓦德纳15日宣布接受总统戈塔巴雅·拉贾帕克萨辞职。
မက္ကဆီကိုစီးတီး ၊ ဇွန် ၇ ရက်(ဆင်ဟွာ) အချို့နိုင်ငံများအား အမေရိကန်နိုင်ငံက ချန်လှပ်ထားခြင်းကြောင့် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည့် အမေရိကတိုက်နိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez Obrador က ဇွန် ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဘူဒါပတ် ၊ မေ ၁၅ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ Katalin Novak သည် မေ ၁၄ ရက်တွင် ပြုလုပ်သော ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် မျှော်လင့်ချက် နှင့် စည်းလုံးညီညွတ်မှု အတွက် သတင်းစကားအား အလေးထားပြောကြားခဲ့သည်။
မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် ထောက်ခံမဲစစ်တမ်းကောက်ယူမှုတွင် ဖာဒီနန်မားကိုစ့်ဂျူနီယာက ဆက်လက်ဦးဆောင်လျက်ရှိကြောင်း ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အကြိုထုတ်ပြန်သော စစ်တမ်းတစ်ခုအရ သိရသည်။
ပြင်သစ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) လက်ရှိပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်သည် ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၁၈,၇၇၉,၆၄၁ မဲ သို့မဟုတ် ခိုင်လုံမဲအားလုံး၏ ၅၈ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက်ညပိုင်းတွင် ထုတ်ပြန်သော ကနဦးမဲရလဒ်များအရ သိရသည်။
ကိုလံဘို၊ ဧပြီ ၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa သည် မည်သို့သော အခြေအနေအောက်တွင်မဆို ရာထူးမှနုတ်ထွက်လိမ့်မဟုတ်ကြောင်း အစိုးရအဖွဲ့အကြီးအကဲ Whip Johnston Fernando က လွှတ်တော်တွင် ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။ Fernando က နိုင်ငံသား...
ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ) ယခုရက်သတ္တပတ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်သော ယူကရိန်း – ရုရှား အစီးအဝေးပွဲအတွင်း ညှိနှိုင်းဆွေးနွေးခဲ့သော သဘောတူညီချက်မူကြမ်းများသည် ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးရန်အတွက် ယခုအခါ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် David Arakhamia က ဧပြီ...