ကိုလံဘို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက နိုင်ငံတစ်ဝန်း မတ် ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ အချိန်မှ စတင်၍ မတ် ၂၃ ရက် နံနက် ၆...
ကိုလံဘို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ယခုနှစ် ဒီဇင်ဘာလလယ်အထိ ဆင်ကောင်ရေ ၃၀၀ နှင့် လူဦးရေ ၁၀၀ သေဆုံးခဲ့ကြောင်း သီရိလင်္ကာ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ကိုလံဘို ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း Gotabaya Rajapaksa က အနိုင် ရရှိ သွားကြောင်း ရွေးကောက်ပွဲဆိုင်ရာ အကြီးအကဲ Mahinda Deshapriya က နိုဝင်ဘာ ၁၇ ရက်တွင် အတည်ပြုခဲ့ကြောင်း...
ကိုလံဘို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပနေသည့်အတွက် နိုဝင်လာ ၁၆ ရက်၌ မြောက်ပိုင်း မန်နာမြို့တွင် မဲဆန္ဒရှင်များ လိုက်ပါလာသည့် ဘတ်စ်ကားနှစ်စင်းကို အမည်မသိ လူအုပ်စုတစ်စုက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် အောက်တိုဘာ ဒုတိယပတ်အထိ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် လူ ၇၄ ဦးသေဆုံးခဲ့ပြီး ၅၅,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရကြောင်း ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဌာန၏ အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားချက်အား ကိုးကား၍ အစိုးရ ပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် နောက်လတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သူများအား ထောက်ခံသည့်အနေဖြင့် လူထုချီတက်ပွဲများ၊ ပိုစတာများ၊ စာတန်းများကို ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၈ ရက်တွင် တားမြစ်လိုက်ကြောင်း သိရသည်။
ကိုလံဘို၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် သြဂုတ်လအထိ တရုတ်နိုင်ငံသားခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သီရိလင်္ကာ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည့် တရားဝင်စာရင်းများအရ သိရသည်။
ကိုလံဘို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သော ဇူလိုင်လအတွင်း အရက်သောက်ပြီး ကားမောင်းသော ယာဉ်မောင်း ၇,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ နိုင်ငံတစ်ဝှမ်း ဇူလိုင် ၅ ရက်မှ စတင်ကာ ပြုလုပ်သော အထူးစစ်ဆင်ရေးအစီအစဉ်တစ်ခုတွင် အရက်သောက်၍ ကားမောင်းသူများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း...
ကိုလံဘို ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံ သမ္မတ Maithripala Sirisena က အရေးပေါ် အခြေအနေအား ဇူလိုင် ၂၂ ရက်တွင် သက်တမ်း တိုးမြှင့်ခဲ့ကြောင်း ၊ နိုင်ငံတွင် လုံခြုံရေး အခြေအနေ အရ နောက်လ အထိ စဉ်းစား...
ကိုလံဘို၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ဇွန်လ ၂၂ ရက်မှစ၍ တစ်နိုင်ငံလုံး အရေးပေါ်ကာလကို နောက်ထပ်တစ်လ တိုးမြင့်ကြောင်း သီရိလင်္ကာ သမ္မတ Maithripala Sirisenaက ယင်းနေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။