နယူးဒေလီ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်နှစ်ခုဖြစ်သည့် အာသံပြည်နယ် နှင့် မက်ဟာလာယပြည်နယ် (Meghalaya)များတွင် ရေကြီးရေလျှံမှုများကြောင့် ပြီးခဲ့သော နှစ်ရက်အတွင်း လူပေါင်း ၃၂ ဦးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ ၌ စနေနေ့ ညပိုင်း နှောင်းပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၃ ဦးသေဆုံးကာ အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ မေ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘတ်ဖလိုးရှိ ဈေးဝယ်စင်တာတစ်ခု၌ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၀ ထက်မနည်း သေဆုံးသွား ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြင့် သေဆုံးသူအရေအတွက်သည် ၉ သိန်းကျော်အထိရှိလာခဲ့ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ဝါရှင်တန်အမျိုးသားဘုရားကျောင်း(Washington National Cathedral) ၌ အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း နာဂလန်ပြည်နယ် (Nagaland) ၌ ဖြစ်ပွားသော မီးရှို့တိုက်ခိုက်မှုအတွင်း သေဆုံးသူ အရေအတွက်သည် ၁၃ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
လာဂိုစ့် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် လာဂိုစ့်မြို့၌ နိုဝင်ဘာ ၁ ရက်က ဆောက်လက်စ ၂၁ ထပ်ရှိ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်သည် နိုဝင်ဘာ ၂ ရက်တွင် ၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသည့်...
ဝါရှင်တန်၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ပထမဆုံး လူမည်းနိုင်ငံခြားရေးဝန်ကြီး အသက် ၈၄ နှစ်အရွယ် ကောလင်းပါဝဲလ် (Colin Powell) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွားသည့် ဆက်စပ်ရောဂါကြောင့် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ၎င်း၏မိသားစုက ယင်းနေ့ လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။...
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
ဘဂ္ဂဒတ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ အရှေ့ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင် ၁၉ ရက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦးသေဆုံးပြီး အခြား ၆၆ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီရတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်က ဆိုသည်။
အစ္စလာမ်မာဘတ် ၊ ဇွန် ၈ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်တွင် ဇွန် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ရထားနှစ်စင်း တိုက်မှုတွင် သေဆုံးသူအရေအတွက် ၆၂ ဦး ထိ မြင့်တက်သွားပြီးဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ယနေ့ ဇွန် ၈ ရက်တွင်...