ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် သုံးပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း ယနေ့ မွန်းလွဲ နှစ်နာရီခွဲ တိုင်းတာချက်အရ သိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့် သံလွင်မြစ်ရေမြင့်တက်ခဲ့မှုကြောင့် သြဂုတ်လ(၆)ရက်နေ့အထိ အခြေခံပညာ ကျောင်းပေါင်း ၂၁၃ ကျောင်း ပိတ်ထားရဆဲ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် (၆) ခုနှင့် ပတ်သက်၍ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ချက် (EIA- Environmental Impact...