Economy1 month ago
ဟောင်ကောင်လေကြောင်းလိုင်းက မဲလ်ဘုန်းမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပြေးဆွဲ
မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်အမှတ်- HX013 သည် ဒီဇင်ဘာ ၁၃ ရက်က မဲလ်ဘုန်းမြို့လေဆိပ်သို့ ဆင်းသက်ခဲ့ရာ ယင်းလေကြောင်းလိုင်းအနေဖြင့် ဟောင်ကောင်မှ မဲလ်ဘုန်းသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်ဖြစ်လာခဲ့သည်။