တီဟီရန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီက အမည်စာရင်း တင်သွင်းထားသော အစိုးရအဖွဲ့ဝင် အများစုအား လွှတ်တော်က သြဂုတ်လ ၂၀ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) က ၎င်း၏ အစိုးရ အဖွဲ့အတွင်း ၂၀၁၄ ခုနှစ်မှစ၍ လေးကြိမ်မြောက် အဖြစ် ပြောင်းလဲလိုက်သည့် အစိုးရအဖွဲ့သစ်အား ဒီဇင်ဘာလ ၁၆ ရက်က ကြေညာလိုက်သည်။