Africa & Middle East1 year ago
တူရကီနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် ဘတ်ဂျက်ချွေတာကာ လူနေအပန်းဖြေမော်တော်ယာဉ်ဖြင့် စခန်းချခရီးထွက်ကြ
အန်ကာရာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် နိုင်ငံအတွင်းရှိ နာမည်ကျော် ခရီးသွားနေရာများက သမားရိုးကျဝန်ဆောင်မှုဆိုင်ရာရွေးချယ်မှုများစွာ ကမ်းလှမ်းထားသော်ငြားလည်း တူရကီနိုင်ငံသားများသည် လူနေမော်တော်ယာဉ်များနှင့် အပန်းဖြေမော်တော်ယာဉ်များကဲ့သို့ ဘတ်ဂျက်ချွေတာသော အားလပ်ရက်ခရီးသွားခြင်းနည်းလမ်းများကို ပြောင်းလဲရွေးချယ်လာကြသည်။ “လက်ရှိစီးပွားရေးအခြေအနေနဲ့ မြေထဲပင်လယ်နဲ့ အေဂျီယံပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က အပန်းဖြေနေရာတွေရဲ့ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အားလပ်ရက်ခရီးထွက်ဖို့ အတော့်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့...