မော်စကို ၊ မတ် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ဆန္ဒရှိပါက တင်းမာမှုများ အရှိန်မြင့်လာခြင်းကို ရပ်တန့်ရမည် ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက လက်ရှိလုပ်ဆောင်လျက်ရှိသော စစ်ဆင်ရေးအား ယူကရိန်းနိုင်ငံအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရာတွင် အမေရိကန်နိုင်ငံက အကူအညီများ တိုးမြှင့် ပံ့ပိုးပေးရန်အတွက် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က မတ် ၁၆ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။ အမေရိကန်လွှတ်တော်သို့...
မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများသည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည့်အတွက် စိစစ်ရေး ယန္တရားတစ်ခု ထူထောင်ရေးမှာ အရေးကြီးကြောင်း မတ် ၁၅ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် ဇီဝဗေဒဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ မခြွင်းမချန်ရှင်းလင်းပေးရေး နှင့် တာဝန်သိသိ လုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၄ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း ၊ မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလ်လီဗန် (Jake Sullivan) နှင့် မတ် ၁၄ ရက်တွင် အီတလီနိုင်ငံ ရောမမြို့၌ တွေ့ဆုံမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၃...
အော့တဝါ ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ကနေဒါစစ်တပ်(CAF) နှင့် အမေရိကန်စစ်တပ်တို့သည် စစ်ရေးစွမ်းရည် အားကောင်းလာစေရန် ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင် အာတိတ်ဒေသ၌ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း ကနေဒါနိုင်ငံ အမျိုးသားကာကွယ်ရေးဌာနက မတ် ၉ ရက်တွင် ကြေညာခဲ့သည်။ ကနေဒါစစ်တပ်(CAF)သည် ၎င်းတို့၏ စစ်ဘက်အဖွဲ့အစည်းများ ထိရောက်စွာ...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ရုရှားစစ်တပ်၏ လက်ရှိလုပ်ဆောင်နေသည့်စစ်ဆင်ရေးများအား ယူကရိန်းနိုင်ငံအနေဖြင့် မိမိကိုယ်တိုင် ခုခံကာကွယ်ရာတွင် ကူညီရန် အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိ “ပြင်းထန်သည့် ခုခံကာကွယ်ရေး” စစ်လက်နက်များ ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖေဖော်ဝါရီ...
မော်စကို ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် သေချာပေါက်ခေါက်ချိုးညီအနေအထား မဟုတ်ဘဲ ထိလွယ်ရှလွယ်ဖြစ်စေမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ဝါဆော ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုသီတင်းပတ်အတွင်း ပိုလန် ၊ ရိုမေးနီးယား နှင့် ဂျာမနီနိုင်ငံများသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံ၍ တပ်ဖြန့်ချထားရန် အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ အမိန့်အရ ဖေဖော်ဝါရီ ၆ ရက်တွင်...
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ နယ်စပ်များတွင် တင်းမာမှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံက ဥရောပသို့ နောက်ထပ်တပ်ဖွဲ့ဝင်များအား စေလွှတ် တပ်ဖြန့်ချထားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါတပ်ဖြန့်ချထားမှုတွင် လက်ရှိ ဂျာမနီနိုင်ငံ၌ အခြေစိုက်နေသော အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀...