ဝါရှင်တန်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကမ်မလာဟားရစ်သည် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာရန် ကိုယ်စားလှယ်မဲ အလုံအလောက် ရရှိထားပြီဖြစ်ကြောင်း၊ ဒီမိုကရက်တစ် အမျိုးသားကော်မတီ (DNC) ဥက္ကဋ္ဌ Jaime Harrison က ဩဂုတ် ၂ ရက်၌ ကြေညာခဲ့ကြောင်း၊ ရလဒ်များကိုမူ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။...
ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖက်ဒရယ်အစိုးရ၏ ကြွေးမြီ စုစုပေါင်းပမာဏမှာ ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ၃၅ ထရီလီယံကျော် ရှိကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ အမေရိကန်အစိုးရ ချေးငွေ အတိုင်းအဆမရှိ ဖြစ်နေခြင်းသည် နိုင်ငံတကာငွေကြေးစနစ်တွင် ကန်ဒေါ်လာစိုးမိုးခြင်းကို...
ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ဂျာမနီတွင် အမေရိကန် ဒုံးကျည် ဖြန့်ကျက်ထားမည်ဆိုလျှင် ရုရှားအနေဖြင့် ညီမျှသည့် တန်ပြန်ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတ ဗလာတီမာ ပူတင်က ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။ အမေရိကန်၏အစီအစဉ်က “စစ်အေး” ပုံစံ ဒုံးကျည်အကျပ်အတည်း ဖြစ်ပွားနိုင်ကြောင်း ပူတင်က...
ဝါရှင်တန်၊ ဇူလိုင် ၂၂ (ဆင်ဟွာ) ဒီမိုကရက်တစ်ပါတီအတွင်း ပြင်းထန်သောဖိအားပေးမှုအောက်တွင် လက်ရှိအမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ဒုတိယသမ္မတ ဟားရစ်အား ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို ထောက်ခံကြောင်း ဇူလိုင် ၂၁ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဘိုင်ဒန်သည် မူလက...
ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် Bob Menendez သည် အကျင့်ပျက်ခြစားမှု စွဲချက်များစွာဖြင့် စွဲချက်တင်ခံခဲ့ရပြီး ဇူလိုင် ၁၆ ရက်တွင် တရားရုံးမှ တရားဝင် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ ၎င်း၏ အထက်လွှတ်တော် ဒီမိုကရက်တစ် လုပ်ဖော်ကိုင်ဖက်များက ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသော...
ဝါရှင်တန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တွင် ဇူလိုင် ၁၇ ရက်က ကိုဗစ်-၁၉ (COVID-19) ရောဂါ စစ်ဆေးတွေ့ရှိကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ကြောင်း သိရသည်။ “ဒီနေ့ (ဇူလိုင် ၁၇ ရက်) အစောပိုင်းက လာ့စ်ဗီးဂပ်စ်မှာ ပထမဆုံးအစီအစဉ်ပြီးတဲ့နောက် သမ္မတ...
မီလ်ဝေါ်ကီ၊ အမေရိကန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် လပေါင်းများစွာ ထင်ကြေးပေးခံခဲ့ရသော အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပါတီ၏ တရားဝင်အမည်စာရင်းတင်သွင်းရန် ဇူလိုင် ၁၅ ရက်က ကိုယ်စားလှယ်မဲအရေအတွက် အလုံအလောက်ရရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ရက်အကြာက လုပ်ကြံရန်ကြိုးပမ်းမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော သမ္မတဟောင်း ထရမ့်သည်...
ဆန်ဘရူနို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ AT&T ကုမ္ပဏီ၏ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအားလုံးနီးပါး၏ နံပါတ်၊ ဖုန်းခေါ်ဆိုမှုကြာချိန် နှင့် စာတိုပေးပို့မှု စသည့်အချက်အလက်များအား ဟက်ကာများက ခိုးယူခဲ့ကြောင်း ဇူလိုင် ၁၂ ရက်တွင် ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua) ……………………………. (Chinese Version) 美国电话电报公司:用户数据遭窃取...
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နှင့် အမေရိကန် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ် ဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က အမေရိကန်နိုင်ငံ အလိုရှိနေသော တရားခံပြေးတစ်ဦးကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်၌ ပြောကြားခဲ့သည်။ ပြစ်မှုများစွာကျူးလွန်ထားကြောင်း သံသယရှိသူ တရားခံပြေးနှစ်ဦးကို ဇွန်လတွင် အမေရိကန်နိုင်ငံက...
ဂျီနီဗာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက တရုတ်ရေကူးသမားလက်ရွေးစင်များ၏ အစားအသောက် ညစ်ညမ်းခြင်း (contamination) ကြောင့် positive ဖြစ်ရခြင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခြင်းသည် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (WADA) ၏ အခန်းကဏ္ဍနှင့် သီးခြားရှိမှုကို ပျက်ပြားစေနိုင်ခြေရှိပြီး ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစနစ်နှင့် အားကစားစည်းမျဉ်းစည်းကမ်းများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ်...