မက်ဒရစ်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ပြင်သစ်လက်ရွေးစင်အသင်းအတွက်ကစားပေးခဲ့စဥ် ခြေချင်းဝတ်ဒဏ်ရာရခဲ့ကာ အသင်းသို့ စောစီးစွာ ပြန်လည်ရောက်ရှိလာသည့် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေ၏ သတင်းကြောင့် ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုသည်လည်း ၎င်းဒဏ်ရာမှအမြန်ဆုံး ပြန်လည်ကောင်းမွန်လာရေးကိုသာ မျှော်လင့်ရတော့မည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေမှာ အစာအိမ်ဝေဒနာ ခံစားနေရသည့်အတွက် ဆေးရုံတက်ကာ ကုသမှုခံနေရကြောင်း ကလပ်အသင်းက ဇွန် ၁၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အမ်ဘာပေမှာ မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ ဆော်ဒီကလပ် အယ်လ်-ဟီလာနှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အား လွဲချော်ခဲ့သည်။ “ကျွန်တော်တို့အသင်းရဲ့...