Economy4 hours ago
တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေများ စက်တင်ဘာလ၌ မြင့်တက်
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေစုစုပေါင်းမှာ စက်တင်ဘာလကုန်၌ အမေရိကန်ဒေါ်လာ ၃.၃၃၈၇ ထရီလီယံရှိပြီး သြဂုတ်လကုန်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံ သို့မဟုတ် ၀.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ သိရသည်။