China7 hours ago
ကမ္ဘာ့အမြင့်ဆုံးတံတားကြောင့် ဒေသခံခရီးသွားလုပ်ငန်း အမြင့်ပိုင်းသို့ရောက်ရှိ
ကွေ့ယန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ဝေးလံခေါင်ဖျားဒေသတစ်ခု၌ နေဝင်ဆည်းဆာလွှမ်းခြုံနေချိန်တွင် တစ်ဒါဇင်ကျော်ရှိမည့် ဓာတ်ပုံသမားများသည် ငှားရမ်းထားသည့်အမိုးစွန်းနေရာတွင် စုရုံးလျက်ရှိသည်။ ကင်မရာများ၊ ဒရုန်းများ၏အသံ လေထုထဲမှာလွင့်ပျံ့နေပြီး အားလုံးမှာ ဆေးခြယ်ထားသော ကောင်းကင်နောက်ခံနှင့် ကမ္ဘာ့အမြင့်ဆုံးတံတားကြီးကို အကောင်းဆုံးဓာတ်ပုံရိုက်ကူးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အောက်တိုဘာ ၈ ရက်တွင်...