ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အနေဖြင့် ပြင်ပမှ မရေရာမှုများကို ကျော်လွှားကာ တည်ငြိမ်စွာ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အထောက်အကူပေးရန် ရည်ရွယ်သည့် အစီအမံများကို တရုတ်နိုင်ငံ ဗဟိုဘဏ်က ချမှတ်ကြေညာခဲ့ကြောင်း ဗဟိုဘဏ် သုတေသနအင်စတီကျုမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တရုတ်နိုင်ငံ၏ စီးပွားရေးမှာ တည်ငြိမ်စွာပြန်လည်ကောင်းမွန်လာသဖြင့် နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ၏ လုပ်ကိုင်ဆောင်ရွက်မှုများမှာ ဇန်နဝါရီလတွင် ပိုမိုတိုးတက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်အရ သိရသည်။ SMEs လုပ်ငန်းပေါင်း ၃,၀၀၀ ကို စစ်တမ်းကောက်ယူထားမှုအပေါ် အခြေခံတွက်ချက်ထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းမှာ ယခင်လက...